ဆရာတော် ၁ ပါး

November 20, 2020

ကျောက်ဖြူတွင် ကိုဗစ်-၁၉ ရောဂါကြောင့် ဆရာတော် ၁ ပါး ပျံလွန်တော်မူ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ ခရိုင်ပြည်သူ့ဆေးရုံကြီးမှာ တက်ရောက်ကုသနေတဲ့  အောင်မြေရတနာကျောင်းတိုက်က ကိုဗစ်လူနာ ကျောင်းထိုင်ဆရာတော် နိုဝင်ဘာ ၁၉ ရက်နေ့ မနက်က ပျံလွန်တော်မူသွားတယ်လို့ သိရပါတယ်။ ဆရာတော်မှာ နိုဝင်ဘာ ၁၈ ရက်နေ့ညနေက နာမကျန်းဖြစ်တဲ့အတွက် လာရောက်ပြသခဲ့ပြီးနောက်  ကိုဗစ်စစ်ဆေးရာမှာ ရောဂါပိုးတွေ့ရှိခဲ့လို့ ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေရာက ရောဂါလက္ခဏာပြင်းထန်တဲ့အတွက် နိုဝင်ဘာ ၁၉ ရက်နေ့ မနက်မှာ ပျံလွန်တော်မူသွားခဲ့တာပါ။ ကျောက်ဖြူခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာရဲလွင်မောင်က “ဆရာတော်တစ်ပါးပါ၊ သက်တော်ကတော့ ၇၈ နှစ်ရှိပြီ။ ရောဂါအခံကတော့ ဆီးချိုနဲ့ ကျောက်ကပ်ရောဂါရှိတယ်။ နိုဝင်ဘာလ ၁၉ ရက်နေ့ မနက်ပိုင်းမှာပဲ ပျံလွန်တော်မူသွားတာပါ။” လို့ ပြောပါတယ်။ ကျောက်ဖြူမြို့နယ်မှာ နိုဝင်ဘာ ၁၉ ရက်နေ့ထိ ကိုဗစ်အတည်ပြုလူနာ ၃၇၀ ထိ ရှိလာပြီဖြစ်ကာ ဆေးရုံကဆင်းခွင့်ရသူ ၃၅၀ ကျော်နဲ့ ဆေးရုံမှာ ကုသမှု ခံယူနေရသူ ၂၂ ဦးနဲ့ သေဆုံးလူနာ ၃ ဦးထိရှိပြီလို့ ကျောက်ဖြူခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီးက ပြောပါတယ်။ နောင်နောင်
5 months Ago
Up