ဆရာဆရာမများ

April 12, 2021

CDM မလုပ်သည့် ဆရာ၊ ဆရာမများကို ထုတ်ပယ်ပြီး ဆရာများသမဂ္ဂ အသစ်ပြန်ဖွဲ့

အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ မပါဝင်တဲ့  ဆရာ၊ ဆရာမတွေကို ထုတ်ပယ်ပြီး မော်လမြိုင်တက္ကသိုလ် ဆရာများသမဂ္ဂကို အသစ်ပြန်လည် ဖွဲ့စည်းလိုက်ပါတယ်။

အရင် ဆရာများသမဂ္ဂအဖွဲ့အချို့ဟာ CDM မလုပ်ဘဲ အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီနဲ့ ပူပေါင်းဆောင်ရွက်နေတဲ့အတွက်ကြောင့်  မော်လမြိုင်တက္ကသိုလ် ဆရာများသမဂ္ဂ ဖျက်သိမ်းလိုက်ပြီးလို့ ဧပြီ ၁၁ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

လက်ရှိမှာတော့ မော်လမြိုင်တက္ကသိုလ် ဆရာများသမဂ္ဂကို ယာယီအလုပ်မှုဆောင် ၁‌၀ ဦးနဲ့ အသစ်ပြန်လည် ဖွဲ့စည်းလိုက်တာပါ။

တဖက်မှာတော့ မော်လမြိုင်တက္ကသိုလ် ကျောင်းသားများသမဂ္ဂဟာ CDM မလုပ်တဲ့ ဆရာ၊ ဆရာမတွေကို တိုင်းပြည်သစ္စာဖောက်အဖြစ် ထုတ်ပြန်ကြေညာနေပါတယ်။

1 month Ago

March 31, 2021

ဘိုကလေးတွင် စွမ်းရည်မြှင့်သင်တန်းတက် ဆရာဆရာမများကို ဒေသခံများ ကန့်ကွက်

ဧရာဝတီတိုင်း ဘိုကလေးမြို့ အထက ၁ ကျောင်းရှေ့မှာ မတ်လ ၃၁ ရက်နေ့ မနက်ပိုင်းက အကြမ်းဖက်စစ်အုပ်စုက ဖွင့်လှစ်တဲ့ စွမ်းရည်မြှင့်သင်တန်းတက်ရောက်နေတဲ့ ဆရာဆရာမတွေကို ဒေသခံတွေက ကန့်ကွက်ခဲ့ကြပါတယ်။

ဒေသခံတွေက ဆရာ ဆရာမတွေကို ကန့်ကွက်တဲ့အနေနဲ့ ''လူသတ်သမားများ ​ကျောင်းထဲကြွပါ၊ ဆရာမတွေလား လူသတ်သမားတွေလား” စတဲ့စာသားတွေကို ကျောင်းအဝင်နဲ့ ဘေးအုတ်နံရံတွေမှာ စာရေးဆွဲပြီး ကန့်ကွက်ခဲ့ကြတာပါ။

အကြမ်းဖက်စစ်အုပ်စုက ဖွင့်လှစ်တဲ့ စွမ်းရည်မြှင့်သင်တန်းကို ဧရာဝတီတိုင်းက မြို့နယ်တိုင်းမှာ ဖွင့်လှစ်နေတာဖြစ်ပေမယ့် အခုလို ဘိုကလေးပြည်သူက လက်မခံဘဲ ကန့်ကွက်ခဲ့ကြတာလည်း ဖြစ်ပါတယ်။

1 month Ago
Up