ဆရာကို လက်သီးဖြင့်ထိုး

May 14, 2018

ဆရာကို လက်သီးဖြင့်ထိုးသည့် ကျောင်းသား စားပွဲခုံပေါ် ကိုင်ပေါက်ခံရ (ရုပ်သံ)

ကျောင်းဆရာတယောက်က ကျောင်းသားတဦးကို စာသင်ခန်းအလယ်မှာ စားပွဲပေါ် ကိုင်ပေါက်တဲ့ ရုပ်သံ ထွက်ပေါ်လာပါတယ်။ အမေရိကန်ကလို့ ယူဆရတဲ့ ကျောင်းတကျောင်းရဲ့ စာသင်ခန်းထဲမှာ ဖြစ်ခဲ့တဲ့ စက္ကန့် ၃၀ ကြာ ဗွီဒီယိုရုပ်သံထဲမှာတော့ ကျောင်းသားတယောက်က ဆရာရဲ့ရင်ဘတ်ကို တွန်းပြီး မျက်နှာကို လက်သီးနဲ့ထိုးခဲ့လို့ ခိုက်ရန်ဖြစ်ပွားရာကနေ ဆရာက ကျောင်းသားကို တကိုယ်လုံး ကိုင်မြှောက်ပြီး စားပွဲခုံပေါ် ကိုင်ပေါက်ခဲ့တာပါ။ ကျန်စားပွဲတွေမှာ ထိုင်နေတဲ့ ကျောင်းသားတွေရဲ့ အော်သံတွေ ကြားရပြီး တခြားကျောင်းသား ၂ ယောက်က လုံးထွေးနေတဲ့ ဆရာနဲ့ တပည့်ကို ဝင်ဆွဲပေမယ့် သူတို့ ၂ ဦးက ဆက်ထိုးကြိတ်နေကြပါတယ်။ နောက်ဆုံး ကျောင်းသားတော်တော်များများ ဝင်ဆွဲမှ ၂ ယောက်လုံး ငြိမ်သွားပြီး ရန်ပွဲကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။ ဒီရုပ်သံကို World Star Hip Hop ဆိုတဲ့ အင်တာနက်စာမျက်နှာပေါ်မှာ မေ ၁၀ ရက်နေ့က တင်ပြီးတဲ့နောက် လူသိများခဲ့တာပါ။ ရုပ်သံထဲမှာ ပါသူတွေ ဘယ်သူဘယ်ဝါဆိုတာနဲ့ ဒီခိုက်ရန်ဖြစ်ခဲ့တဲ့ စာသင်ခန်းက ဘယ်မှာဆိုတာ တိတိကျကျမသိဘူးလို့ ဒေးလီးမေးလ်သတင်းတပုဒ်မှာ မေလ ၁၃ ရက်နေ့က ဖော်ပြထားပါတယ်။
3 years Ago
Up