ဆယ်လ်မွန်ငါးတွေဟာ ကိုရိုနာဗိုင်းရပ်စ်ကို သယ်ဆောင်ထားနိုင်တဲ့ ဘယ်အထောက်အထားမှ မရှိဘူးလို့ တရုတ် ကူးစက်ရောဂါထိန်းချုပ်ရေးဌာနအရာရှိတဦးက ဇွန် ၁၆ ရက်နေ့မှာ ပြောပါတယ်။
တရုတ် အမျိုးသားကျန်းမာရေးကော်မရှင်ရဲ့ ပညာရှင်အဖွဲ့ဝင် ရှီကွာကျင်းက ပေကျင်းမြို့ရဲ့ ကပ်ဘေးအခြေအနေဆိုင်ရာ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။
သတင်းစာရှင်းလင်းပွဲမှာ ဆယ်လ်မွန်ငါးကို စားသုံးတာဟာ အန္တရာယ်ရှိ၊ မရှိ မေးရာမှာ ရှီက ဒီငါးဟာ ဗိုင်းရပ်စ်ကို သယ်ဆောင်ထားတယ်ဆိုတဲ့ အထောက်အထား မရှိဘဲ သံသယလူနာတွေနဲ့ ထိတွေ့မိရင် ဖြစ်စေ၊ သံသယဖြစ်ဖွယ်အစားတွေ စားမိရင်ဖြစ်စေ၊ ကိုယ့်ကျန်းမာရေး အနေအထားကို စောင့်ကြည့်ပြီး၊ ဆေးမြန်မြန်စစ်သင့်တယ်လို့ အကြံပြုပါတယ်။
ပေကျင်းမြို့ဟာ အရေးပေါ်အခြေအနေတုံ့ပြန်မှု အဆင့်ကို အဆင့် ၃ ကနေ အဆင့် ၂ အထိ တိုးမြှင့်ထားပြီး၊ ကိုဗစ်-၁၉ ကူးစက်မှုနှုန်းကလည်း နေ့စဉ် မြင့်တက်လာနေပါတယ်။
9 months Ago