ဆယ်ဘရန်ပွဲတော်

August 1, 2019

ကာဂျစ်စတန်တွင် ရိုးရာအစဉ်အလာ ဆယ်ဘရန်ပွဲတော် ကျင်းပ

ကာဂျစ်စတန်နိုင်ငံ အစ်ဇယ်ကူးဒေသမှာ ဇူလိုင် ၂၇ ရက်က နှစ်စဉ်ကျင်းပမြဲ ရိုးရာအစဉ်အလာ ဆယ်ဘရန်ပွဲတော် (အမဲလိုက်) ကျင်းပခဲ့ပါတယ်။ ပွဲတော် ရည်ရွယ်ချက်ကတော့ ရိုးရာအမဲလိုက် ဓလေ့တွေကို ပြန်ရှင်သန်စေဖို့ ဖြစ်ပြီး ဒီပွဲတော်ကို မြို့တော် ဘစ်ရှ်ကတ်ကနေ ကီလိုမီတာ ၃၀၀ အကွာမှာ ကျင်းပပါတယ်။ အမဲလိုက်ပြိုင်ပွဲ ပွဲစဉ်တွေမှာ ပြိုင်ပွဲဝင်တွေက  ဒူးလေး၊ ခွေးနဲ့ သားရဲငှက်တွေကို အသုံးချပြီး အမဲလိုက်စွမ်းရည်ကို ပြသကြပါတယ်။ ဒီပွဲစဉ်မှာ လင်းယုန်မုဆိုး ၁၅ ယောက်တို့က သူတို့ရဲ့ သားရဲ ငှက်စွမ်းရည်တွေကို ပြသခဲ့ပါတယ်။ ပွဲတော်ကို နိုင်ငံတွင်းက ပြိုင်ပွဲဝင်ရာချီ ယှဉ်ပြိုင်သလို ကမ္ဘာလှည့်ခရီးသွားတွေလည်း လာရောက်ကြည့်ရှုကြပါတယ်။ ပြိုင်ပွဲဝင် ရွှေလင်းယုန် မုဆိုးတဦးက ရွှေလင်းယုန်တွေကို လေ့ကျင့်သင်ကြားပေးရတာ မလွယ်ကူးဘဲ သူတို့သဘာဝကို  နားလည်ပြီး သူတို့နဲ့ ရင်းနှီးဖို့ လိုတယ်လို့ ဆိုပါတယ်။ အဲဒီ ရွှေလင်းယုန်တွေရဲ့ မျက်လုံးကို ကြည့်ပြီး သူတို့ ဘာဆိုလိုတယ်ဆိုတာ နားလည်နိုင်ငတယ်လို့ ရွှေလင်းယုန် မုဆိုးက ပြောခဲ့ပါတယ်။
Zawgyi Version ကာဂ်စ္စတန္တြင္ ႐ိုးရာအစဥ္အလာ ဆယ္ဘရန္ပြဲေတာ္ က်င္းပ DVB ကာဂ်စ္စတန္ႏိုင္ငံ အစ္ဇယ္ကူးေဒသမွာ ဇူလိုင္ ၂၇ ရက္က ႏွစ္စဥ္က်င္းပၿမဲ ႐ိုးရာအစဥ္အလာ ဆယ္ဘရန္ပြဲေတာ္ (အမဲလိုက္) က်င္းပခဲ့ပါတယ္။ ပြဲေတာ္ ရည္႐ြယ္ခ်က္ကေတာ့ ႐ိုးရာအမဲလိုက္ ဓေလ့ေတြကို ျပန္ရွင္သန္ေစဖို႔ ျဖစ္ၿပီး ဒီပြဲေတာ္ကို ၿမိဳ႕ေတာ္ ဘစ္ရွ္ကတ္ကေန ကီလိုမီတာ ၃၀၀ အကြာမွာ က်င္းပပါတယ္။ အမဲလိုက္ၿပိဳင္ပြဲ ပြဲစဥ္ေတြမွာ ၿပိဳင္ပြဲဝင္ေတြက ဒူးေလး၊ ေခြးနဲ႔ သားရဲငွက္ေတြကို အသုံးခ်ၿပီး အမဲလိုက္စြမ္းရည္ကို ျပသၾကပါတယ္။ ဒီပြဲစဥ္မွာ လင္းယုန္မုဆိုး ၁၅ ေယာက္တို႔က သူတို႔ရဲ႕ သားရဲ ငွက္စြမ္းရည္ေတြကို ျပသခဲ့ပါတယ္။ ပြဲေတာ္ကို ႏိုင္ငံတြင္းက ၿပိဳင္ပြဲဝင္ရာခ်ီ ယွဥ္ၿပိဳင္သလို ကမာၻလွည့္ခရီးသြားေတြလည္း လာေရာက္ၾကည့္ရႈၾကပါတယ္။ ၿပိဳင္ပြဲဝင္ ေ႐ႊလင္းယုန္ မုဆိုးတဦးက ေ႐ႊလင္းယုန္ေတြကို ေလ့က်င့္သင္ၾကားေပးရတာ မလြယ္ကူးဘဲ သူတို႔သဘာဝကို နားလည္ၿပီး သူတို႔နဲ႔ ရင္းႏွီးဖို႔ လိုတယ္လို႔ ဆိုပါတယ္။ အဲဒီ ေ႐ႊလင္းယုန္ေတြရဲ႕ မ်က္လုံးကို ၾကည့္ၿပီး သူတို႔ ဘာဆိုလိုတယ္ဆိုတာ နားလည္ႏိုင္ငတယ္လို႔ ေ႐ႊလင္းယုန္ မုဆိုးက ေျပာခဲ့ပါတယ္။
2 years Ago
Up