ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါရဲ့ သက်ရောက်မှုတွေကို အနာဂတ်မှာ ပိုမိုကြာမြင့်စွာ ခံစားရလိမ့်မယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO ရဲ့ ညွှန်ချုပ် တေဒရို အဒါနွန် ဂေဘရီယေးဆပ်က ဇူလိုင် ၃၁ ရက်မှာ ပြောလိုက်ပါတယ်။
ရာစုနှစ်တခုမှာ တကြိမ်သာဖြစ်တဲ့ ကျန်းမာရေး အကျပ်အတည်းဖြစ်ပြီး သက်ရောက်မှုကို ဆယ်စုနှစ်ချီ ခံစားရလိမ့်မယ်လို့ WHO ရဲ့ အရေးပေါ် ကော်မတီအစည်းအဝေးမှာ သူက ပြောလိုက်တာပါ။
တချို့နိုင်ငံတွေမှာ ကူးစက်ခံ လူနာ တိုးလာနေလို့ ကမ္ဘာ့လူအများစုဟာ ဒီဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး ဆိုးဆိုးရွားရွား ကူးစက်ခံပြီးသား နေရာတွေမှာတောင်မှ ခံနိုင်ရည် မရှိသေးဘူးလို့ တေဒရိုက သတိပေးပါတယ်။
ကိုဗစ်-၁၉ ကမ္ဘာ့ ကပ်ရောဂါ ကာကွယ်ဆေးကို တီထွင်ရာမှာ သုတေသန ပညာရှင်တွေက တိုးတက်မှု ကောင်းကောင်းရအောင် လုပ်နိုင်ပေမယ့် လက်တဆုပ်စာ အဖွဲ့တွေကသာ နောက်ဆုံးအဆင့် စမ်းသပ်ချက်ကို လုပ်နိုင်ကြသေးတာပါ။
ဒါပေမယ့် ၂၀၂၁ ခုနှစ် အစောပိုင်းထိအောင် ကာကွယ်ဆေးကိုသုံးနိုင်ဖို့ မျှော်လင့်နိုင်ဦးမှာ မဟုတ်သေးဘူးလို့ WHO ရဲ့ ထိပ်တန်း အရေးပေါ်ပညာရှင် မိုက်ရိုင်ယန်က အရင်အပတ်က ပြောပါတယ်။
ဒီဗိုင်းရပ်စ်နဲ့ အတူနေဖို့နဲ့ ရှိသမျှ အရာတွေနဲ့ ကူးစက်ကပ်ဘေးကို တိုက်ဖို့ သင်ယူရမယ်လို့ တေဒရိုက ပြောခဲ့ပါတယ်။
3 years Ago