ဆယ်စုနှစ်

January 10, 2021

စပိန်တွင် ဆယ်စုနှစ်များအတွင်း အကြီးမားဆုံး ဆီးနှင်းကျဆင်းမှုကြောင့် ၂ ဦး သေဆုံး

စပိန်နိုင်ငံ မြို့တော်မက်ဒရစ်မှာ ဆယ်စုနှစ်တွေအတွင်း အကြီးမားဆုံး ဆီးနှင်းကျဆင်းမှု ကြောင့် ဇန်နဝါရီ ၉ ရက်က လူနှစ်ယောက်သေဆုံးခဲ့ပါတယ်။  စပိန်တောင်ပိုင်း မာလာဂါမြို့အနီးမှာ  အမျိုးသမီးတစ်ဦး ကားထဲပိတ်မိပြိး သေဆုံးခဲ့ပါတယ်။  အလားတူ နိုင်ငံအရှေ့ပိုင်း ကာလာတာယူမြို့မှာလည်း အိမ်ခြေမဲ့တစ်ဦး အေးခဲ သေဆုံးခဲ့ပါတယ်။  စပိန်ဝန်ကြီးချုပ် ဆန်းချက်ကလည်း ခရီးသွားလာတာတွေကို ရှောင်ရှားပြီး အရေးပေါ် အကူအညီပေးရေးအဖွဲ့ရဲ့ ညွှန်ကြားချက်တွေကို လိုက်နာဖို့ တိုက်တွန်းခဲ့ပါတယ်။  မြို့တော် မက်ဒရစ် အနီးဝန်းကျင် လမ်းမတွေပေါ်မှာ နာရီချီပြီး ပိတ်မိနေတဲ့  ယာဉ်မောင်းတွေကို ကယ်ဆယ်ဖို့  စစ်သားတွေ ကြိုးပမ်းနေကြပါတယ်။  လမ်းမတွေပေါ်က  ယာဉ်တွေကို ကယ်ဆယ်ရေး  ဆက်လုပ်နေတယ်လို့  စစ်ဘက်အရေးပေါ် အကူအညီပေးရေး အဖွဲ့က တွစ်တာမှာ ဖော်ပြခဲ့ပါတယ်။  ဖလော်မီနာ ဆီးနှင်းမုန်တိုင်းကြောင့် မက်ဒရစ်လေဆိပ်ကို ပိတ်ထားပြီး ခါတိုင်း ယာဉ်သွားယာဉ်လာထူပြောတဲ့ ဂရန်ဗီယာ လမ်းမပေါ်မှာ လူတွေက နှင်းလျှောစီးနေကြပါတယ်။ 
11 months Ago

November 5, 2020

ဆယ်စုနှစ်အတွင်း တရုတ်ကုန်စည်ကန်ဒေါ်လာ ၂၂ ထရီလီယံဖိုး  ကမ္ဘာအနှံ့ပို့မည်

တရုတ်နိုင်ငံအနေနဲ့ လာမယ့်ဆယ်စုနှစ်မှာ အမေရိကန်ဒေါ်လာ ၂၂ ထရီလီယံဖိုး ကုန်စည်တွေကို နိုင်ငံတကာဆီ တင်ပို့သွားမယ်လို့ တရုတ်သမ္မတ ရှီကျင့်ဖျင်က နိုဝင်ဘာ ၄ ရက်မှာ ပြောပါတယ်။ ကမ္ဘာလုံးဆိုင်ရာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ဘေး ရှိနေပေမဲ့ ဈေးကွက်စီးပွားရေး လမ်း ဖွင့်တာတွေ အရှိန်မြှင့်လုပ်သွားမယ်လည်း  ရှန်ဟိုင်းမှာ   နိုဝင်ဘာ ၅ ရက်မှ ၁၀ ရက်ထိ ဖွင့်မယ့် တရုတ်နိုင်ငံတကာ သွင်းကုန်ကုန်စည်ပြပွဲ ဖွင့်ပွဲမှာ ပြောလိုက်တာပါ။ ကမ္ဘာကြီးဟာ နိုင်ငံတကာထုံးတမ်းစဉ်လာကို လှိုက်စားဖို့ တဖက်သက် ဝါဒနဲ့ ကိုယ်ကျိုးစီး ပွား ကာကွယ်ရေးဝါဒတွေကို ခွင့်မပြုသင့်ဘူးလို့လည်း ရှီက ပြောပါတယ်။ တရုတ်ဟာ လာမယ့် ၁၅ နှစ်အတွင်း ကုန်စည်တွေ အမေရိကန် ဒေါ်လာ ထီရီလီယံ ၃၀ဖိုးနဲ့ ဝန်ဆောင်မှု အမေရိကန် ဒေါ်လာ ၁၀ ထီရီလီယံ တင်ပို့နိုင်ဖို့ မျှော်လင့်ထားတယ်လို့ ရှီက ၂၀၁၈မှာ ပြောခဲ့ဖူးပါတယ်။ အကဲခတ်တွေကတော့ ဒီကုန်စည်ပြပွဲဟာ တရုတ်က စီးပွားရေးလုပ်ငန်းတွေအတွက် လမ်း ဖွင့်ပေးမယ့် အချက်ပြမှုပဲ၊ ကိုဗစ်-၁၉ ကပ်ဘေး ရှိပေမဲ့ နိုင်ငံခြားစီးပွားရေးသမားတွေနဲ့ နိုင်ငံရေး ခေါင်းဆောင်တွေဟာ ဒီပွဲကို လူကိုယ်တိုင်တက်ဖို့ မျှော်လင့်ထားကြတယ်လို့ ပြောကြပါတယ်။  ဖွင့်ပွဲနေ့ အခမ်းအနားမှာ ရုပ်သံ မိန့်ခွန်း ပေးပို့ ပြောကြားသူတွေထဲမှာ ဆားဘီးယား သမ္မတ နဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့ ညွှန်ချုပ်တွေလည်း ပါဝင်ပါတယ်။
1 year Ago
Up