ဆယ်ကျော်သက်နှစ်ယောက်ကို လိင်ပိုင်းစော်ကားမှုနဲ့ ထောင်ဒဏ်ကျခံနေတဲ့ ဗာတီကန် ဘဏ္ဍာရေးရေးမှူးဟောင်း ဂျော့ချ်ပဲလ်ကို သြစတြေးလျ အမြင့်ဆုံးတရားရုံးက ဧပြီ ၇ ရက်မှာ တရားသေ လွှတ်ပေးလိုက်ပါတယ်။
ဒါကြောင့် ဂျော့ချ်ပဲလ်ဟာ ရဲတပ်ဖွဲ့ အစောင့်အရှောက်နဲ့ ဘာဝင် အကျဉ်းထောင်ကနေ ထွက်သွားခဲ့ပါတယ်။
ကာလရှည် ရုံးတော်ကြားနာမှုအတွင်း ဂျော့ချ်ပဲလ်က သူဟာ အပြစ်မရှိဘူးဆိုပြီး လျှောက်လဲခဲ့ပါတယ်။
သြစတြေးလျတရားရုံးချုပ်က ဂျော့ချ်ပဲလ်အပေါ် စွဲဆိုထားတဲ့ စွဲချက်တွေကို ပယ်ချလိုက်ပြီး တရားသေ လွှတ်မိန့် ချမှတ်ခဲ့တာကပါ။
ဒါကြောင့် ရောမ ကက်သလစ်ကျောင်းတော်ကို လှုပ်ခတ်စေမယ့် သမိုင်းဝင် လိင်ပိုင်းစော်ကားမှုဆိုင်ရာ ဒိတ်ဒိတ်ကြဲအမှုကြီးဟာ ပြီးဆုံးခဲ့ပါတယ်။
ကာဒီနယ်ဂျော့ချ်ပဲလ် တရားစီရင်မှုမှာ ပါဝင်တဲ့ ဂျုရီအဖွဲ့က ဂျော့ချ်ပဲလ်ရဲ့အပြစ်နဲ့ ပတ်သက်လို့ သံသယဖြစ်ထိုက်တယ်ဆိုတဲ့အချက်ကို တရားရုံးချုပ် တရားသူကြီး ၇ ယောက်က တညီတညွတ်တည်း သဘောတူခဲ့တယ်လို့ ရိုက်တာသတင်းက ဆိုပါတယ်။
11 months Ago