ဆယ်ကျော်သက်များ

A d v e r t i s e m e n t With Us

November 23, 2019

ဆယ်ကျော်သက်များ လေ့ကျင့်ခန်းမလုပ်ဘဲ ကျန်းမာရေး ထိခိုက်ခံနေရဟု WHO ပြော

ကမ္ဘာတဝန်း ဆယ်ကျော်သက်တွေဟာ  လုံလောက်တဲ့ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းတွေ မလုပ်ဖြစ်ဘဲ ကျန်းမာရေးကို အထိခိုက်ခံနေတယ်လို့  ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO လေ့လာချက်က နိုဝင်ဘာလ ၂၀ ရက်နေ့မှာ ဆိုလိုက်ပါတယ်။  အဲဒီလေ့လာချက်ဟာ  ၂၀၀၁ ကနေ ၂၀၁၆ ခုနှစ်အတွင်း အသက် ၁၁ နှစ်ကနေ ၁၇ နှစ်အကြား နိုင်ငံပေါင်း ၁၄၆ နိုင်ငံက  ဆယ်ကျော်သက် လူငယ် ၁ ဒသမ ၆ သန်းကနေ ရရှိတဲ့ အချက်အလက်တွေအပေါ် အခြေခံထားပါတယ်။   လေ့လာချက်အရ ဆယ်ကျော်သက် လူငယ် ၈၀ ရာခိုင်နှုန်းကျော်ဟာ ကျန်းမာရေး အကျိုးကျေးဇူးတွေ ခံစားစေဖို့ အနည်းဆုံးလိုအပ်တဲ့ တနေ့တာ ကိုယ်လက်လှုပ်ရှားချိန်    ၁ နာရီတောင် မပြည့်မီဘူးလို့ သိရပါတယ်။ “တနေ့ကို အနည်းဆုံး ကိုယ်လက်လှုပ်ရှားချိန် တနာရီရှိမှလည်း နှလုံးနဲ့ အဆုတ်ကောင်းမွန်တာ၊ ကြွက်သားတွေ  ကြံ့ခိုင်တာ၊ အရိုးသန်မာတာနဲ့ ကိုယ်အလေးချိန်ပေါ် ကောင်းမွန်တဲ့ သက်ရောက်မှုရှိမှာဖြစ်ပြီး အဲဒီအကျိုးကျေးဇူးတွေက  သူတို့လူကြီး အရွယ်ရောက်တဲ့အထိ ဆက်ရှိသွားမှာပါ။ နောက်ပြီး တနေ့ တနာရီ ကိုယ်လက်လှုပ်ရှား လုပ်တာက စိတ်ကျန်းမာရေးကိုလည်း ကောင်းမွန်စေပြီး လူမှုရေးနဲ့ စဉ်းစားတွေးခေါ်စွမ်းကို တိုးတက်စေတယ်” လို့ WHO လမ်းညွှန်ချက်တွေက ဆိုပါတယ်။  နောက်ပြီး လေ့လာချက်အရ  ဆယ်ကျော်သက် ယောကျာ်းလေး ၇၈ ရာခိုင်နှုန်းနဲ့  မိန်းကလေး ၈၅ ရာခိုင်နှုန်းဟာ အနည်းဆုံး တနေ့တနာရီ ကိုယ်လက်လှုပ်ရှား သတ်မှတ်ချက်နဲ့  မပြည့်မီတာကို တွေ့ရပါတယ်။ ဒါကြောင့်မို့ မိန်းကလေးတွေက ယောက်ျားလေးတွေထက်ပိုပြီး ကိုယ်လက်လှုပ်ရှား နည်းနေတာက ပညာရှင်တွေကို ပိုပြီးစိုးရိမ်စေပါတယ်။  အဲဒီလို ယောကျ်ားလေးနဲ့  မိန်းကလေးအကြား ကွာဟာချက်ဟာ  အမေရိကန်နဲ့ အိုင်ယာလန်မှာ အမြင့်ဆုံး ဖြစ်တယ်လို့လည်း လေ့လာချက်ကို ကိုးကားပြီး ရိုက်တာသတင်းက ဆိုပါတယ်။
1 year Ago
Up