ဆယ်ကျော်သက် မိန်းကလေးကို အဓမ္မပြုကျင့်ပြီး မီးရှို့မှုဖြစ်

A d v e r t i s e m e n t With Us

July 14, 2017

ဆယ်ကျော်သက် မိန်းကလေးကို မုဒိမ်းကျင့်ခဲ့သည့် အူဘာယာဉ်မောင်းကို တရားစွဲ

သြစတြေးလျနိုင်ငံ ကွင်းစ်လန်ပြည်နယ် ဘရစ္စဘိန်းမြို့မှာ အူဘာကားမောင်းသမားက ဆယ်ကျော်သက် မိန်းကလေးတဦးကို မုဒိမ်းမှုကျူးလွန်ခဲ့လို့ တရားစွဲခံခဲ့ရပါတယ်။ ဇူလိုင် ၈ ရက်နေ့က အသက် ၃၇ နှစ်အရွယ် အူဘာကားမောင်းသမားဟာ အသက် ၁၆ နှစ်အရွယ် ဆယ်ကျော်သက် မိန်းကလေးကို သူ့ရဲ့ကားထဲမှာ မုဒိမ်းကျင့်ခဲ့တာဖြစ်ပြီး ဒီပြစ်ဒဏ်အတွက် အယူခံလည်း မရဘူးလို့ သိရပါတယ်။ ဒီယာဉ်မောင်းဟာ ဘရစ္စဘိန်းမြို့ကို သူ့ရဲ့ဇနီး၊ ကလေး ၂ ဦးတို့နဲ့အတူ လွန်ခဲ့တဲ့ ၁ နှစ်က ပြောင်းရွှေ့ရောက်ရှိခဲ့တာဖြစ်ပြီး သူ့ကို ကွင်းစ်လန်ပြည်နယ်ရဲတွေက ဇူလိုင် ၁၄ ရက်နေ့မှာ ဖမ်းဆီးလိုက်ပါတယ်။ အခုဖြစ်တဲ့ မုဒိမ်းမှုဟာ ၁ ပတ်အတွင်း ဒုတိယအကြိမ်မြောက် ဖြစ်ခဲ့တာပါ။ အရင်တပတ်ကလည်း အသက် ၄၇ နှစ်အရွယ် ကားမောင်းသမားက ခရီးသည် အမျိုးသမီးငယ်ကို ၃ ကြိမ် မုဒိမ်းကျင့်ခဲ့လို့ တရားစွဲဆိုခံခဲ့ရပြီး ဒီအမှု ၂ မှုက ဆက်စပ်မှု မရှိဘူးလို့ ရဲတွေက ပြောပါတယ်။ “လူထုတွေထဲမှာ ပြီးခဲ့တဲ့ ၁၂ လမှ ၁၈ လအတွင်း ဒီလိုရာဇဝတ်မှုမျိုး တွေ့ကြုံရရင် လာရောက်တိုင်ကြားဖို့ ရဲတွေက လူထုထံ ပန်ကြားမယ်” လို့ စုံစမ်းရေး အရာရှိတဦးဖြစ်သူ မစ်က်အိုဒို့ဒ်က ပြောကြောင်း နယူးစ်ဟက်ဘ် သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။
4 years Ago

March 8, 2016

ဆယ်ကျော်သက် မိန်းကလေးကို အဓမ္မပြုကျင့်ပြီး မီးရှို့မှုဖြစ်

အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့မှာ မတ်လ ၇ ရက်နေ့က အသက် ၁၅ နှစ်အရွယ် ဆယ်ကျော်သက် မိန်းကလေးတဦးကို အဓမ္မပြုကျင့်ပြီး မီးရှို့မှု ဖြစ်ပွားခဲ့ပါတယ်။ အဲဒီမိန်းကလေးဟာ နယူးဒေလီမြို့အနီး နိုရီဒါမြို့၊ တီဂရီကျေးရွာက သူ့မိဘတွေပိုင်တဲ့ ၂ ခန်းတွဲ တိုက်ခေါင်မိုးထပ်ပေါ်မှာ အဓမ္မပြုကျင့်ပြီး မီးရှို့ခံခဲ့ရတာလို့ ရဲတွေက ပြောပါတယ်။ မီးလောင်ဒဏ်ရာတွေကြောင့် အဲဒီမိန်းကလေးရဲ့ ခန္ဓာကိုယ် နေရာတော်တော်များများမှာ ဒဏ်ရာတွေ ရရှိခဲ့ပြီး ဆေးရုံမှာ အရေးပေါ်ကုသမှု ခံနေရတယ်လို့ အေပီသတင်းမှာ ဖော်ပြပါတယ်။ ရဲတွေရဲ့ သတင်းထုတ်ပြန်ချက်မှာတော့ မိန်းကလေးရဲ့ မိဘတွေဟာ အဲဒီနေ့မနက် အရုဏ်တက်ချိန်မှာ ခေါင်မိုးထပ်အခန်းမှ အော်ဟစ်အကူအညီတောင်းသံ ကြားခဲ့ရပြီးနောက် သမီးဖြစ်သူကို မီးလောင်ဒဏ်ရာတွေနဲ့ တွေ့ရှိခဲ့တာဖြစ်တယ်လို့ ဖော်ပြပါတယ်။ ရဲအရာရှိ ရာဒရမ်ဆင်းက မိန်းကလေးကို အဓမ္မပြုကျင့်ပြီး မီးရှို့ခဲ့တဲ့အမှုနဲ့ ပတ်သက်ပြီး အသက် ၂၀ အရွယ် အမျိုးသားတဦးကို ဖမ်းဆီးခဲ့တယ်လို့ ပြောပါတယ်။ ဒါဟာ အိန္ဒိယနိုင်ငံမှာ လတ်တလော ရင်ဆိုင်နေရတဲ့ ကလေးသူငယ်နဲ့ မိန်းကလေးတွေ အဓမ္မပြုကျင့်ခံနေရတဲ့ အမှုတွေထဲက တခုဖြစ်တယ်လို့ သတင်းက ဆိုပါတယ်။
5 years Ago
Up