ဆယ်ကျော်သက် ဆွစ်ဇာလန်နိုင်ငံသားလေး၏ ကျွမ်းဘားကစားပုံရုပ်သံ ရေပန်းစား

October 10, 2016

ဆယ်ကျော်သက် ဆွစ်ဇာလန်နိုင်ငံသားလေး၏ ကျွမ်းဘားကစားပုံရုပ်သံ ရေပန်းစား

အသက် ၁၈ နှစ်အရွယ် ဆွစ်ဇာလန်နိုင်ငံသား အင်ဒရီဟာ ကျောင်းအားကစားရုံထဲမှာ ကျွမ်းဘား (အက်ခရိုဘက်တစ်) ကစားနေတဲ့ ဗွီဒီယိုကလစ်ကို ဖေ့စ်ဘွတ်ခ်စာမျက်နှာထက်မှာ တင်ခဲ့ရာ တရက်အတွင်း လူသန်းချီ ကြည့်ရှုခဲ့ပါတယ်။ ဒီရုပ်သံကို ကြည့်ရှုသူတချို့က သူတို့သာ ကစားမယ်ဆိုရင် ပထမဦးဆုံး ခုန်ကတည်းက သူတို့ဒူးခေါင်းတွေ ကျိုးလောက်အောင် ထိခိုက်ဒဏ်ရာရနိုင်ကြောင်း ဖေ့စ်ဘွတ်ခ်စာမျက်နှာထက်မှာ မှတ်ချက်တွေ ရေးကြတာပါ။ အင်ဒရီက သူ အားကစားလုပ်ရတာ ကြိုက်ကြောင်း၊ အထူးသဖြင့် စကိတ်စီးတာ၊ ရေလွှာလျှောစီးတာ၊ နှင်းလျှောစီးတာ စတာတွေကို ကြိုက်ကြောင်း နှင်းလျှောစီးသမားကောင်းဖြစ်အောင် ကြိုးစားနေတဲ့ အင်ဒရီဟာ သူ့ရဲ့ လေ့ကျင့်ခန်းလုပ်တဲ့ အချိန်ဇယားတွေနဲ့ အိုလံပစ်အားကစားပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်နိုင်မယ့် သူ့ရဲ့ရည်ရွယ်ချက်ကိုလည်း ပြောခဲ့တယ်လို့ အောက်တိုဘာ ၇ ရက် ဘီဘီစီသတင်းမှာ ဖော်ပြပါတယ်။
6 years Ago
Up