ဆယ်ကျော်သက်တဦးကို ခြေထောက်မှ ဇောက်ထိုးဆွဲပြီး စစ်ဆေးသည့် ရဲအရာရှိရုပ်သံ ပျံ့နှံ့

A d v e r t i s e m e n t With Us

November 4, 2016

ဆယ်ကျော်သက်တဦးကို ခြေထောက်မှ ဇောက်ထိုးဆွဲပြီး စစ်ဆေးသည့် ရဲအရာရှိရုပ်သံ ပျံ့နှံ့

ရဲအရာရှိတဦးဟာ ဆယ်ကျော်သက်အရွယ် လူငယ်တဦးကို လမ်းမလယ်တနေရာမှာ ခြေထောက်မှ ကိုင်မြှောက်ပြီး ဇောက်ထိုးအနေအထားနဲ့ ဖမ်းဆီးစစ်ဆေးတဲ့ ရုပ်သံဗွီဒီဖိုင်ဟာ အင်တာနက်စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့နေပါတယ်။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ အဆိုပါ ဆယ်ကျော်သက်လူငယ်ဟာ ရုတ်တရက်ပဲ ခြေထောက်တွေကို ဖမ်းဆီးချုပ်နှောင်ခံလိုက်ရပြီး ခုလို စစ်ဆေးခံခဲ့ရတာပါ။ သူဟာ တွဲလောင်းကျလျက် အနေအထားနဲ့ ဦးခေါင်းနဲ့ မြေကြီး ထိလုမတတ် ဖြစ်နေခဲ့ကာ သူ့ရဲ့ခန္ဓာကိုယ်ကို ရဲအရာရှိက ကိုင်လှုပ်လိုက်တာကို တွေ့ရပါတယ်။ ပုံမှန်အနေအထားနဲ့ စစ်ဆေးတာမဟုတ်တဲ့ ခုလို အပြုအမူအတွက် ဆယ်ကျော်သက် လူငယ်ဟာ ဘာမှမပြောနိုင်ပဲ အံ့အားသင့်နေခဲ့တယ်လို့ မေရာသတင်းတပုဒ်မှာ ဖော်ပြပါတယ်။ ဒီရုပ်သံဗွီဒီယိုဖိုင်ဟာ အင်တာနက်စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့ခဲ့ပြီးနောက်မှာ ဝင်ရောက်ကြည့်ရှုတဲ့ အကြိမ်ရေ သန်းနဲ့ချီ ရှိခဲ့တာပါ။ ဒီအဖြစ်အပျက်ဟာ ဘရာဇီးနိုင်ငံ၊ ဗယ်လိုဟော်ရီဇွန်တေးမြို့မှာ ဖြစ်ခဲ့တာဖြစ်ပြီး ဘာကြောင့် ခုလိုဖြစ်ရတယ် ဆိုတာကိုတော့ မသိနိုင်သေးဘူးလို့ ဆိုပါတယ်။ ရဲဌာန ပြောရေးဆိုခွင့်ရှိသူ တဦးကတော့ ဒီအပြုအမူဟာ ကျင့်ဝတ်နဲ့မညီဘဲ လုပ်ဆောင်တာဖြစ်တဲ့အတွက် အဲဒီရဲအရာရှိဟာ ပြစ်ဒဏ်ကျခံရမှာ ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။
4 years Ago
Up