ဆယ်လ်ဖီ အရိုက်ကောင်းလို့ ရေတွင်းထဲပြုတ်ကျသည့် အမျိုးသမီး

January 29, 2016

ဆယ်လ်ဖီ အရိုက်ကောင်းလို့ ရေတွင်းထဲပြုတ်ကျသည့် အမျိုးသမီး (ရုပ်သံ)

သြစတြီးယားနိုင်ငံသူ ကမ္ဘာလှည့်ခရီးသည် အမျိုးသမီးတဦးဟာ ဇန်န၀ါရီလ ၂၅ ရက်နေ့က အိန္ဒိယနိုင်ငံကို လာရောက်လည်ပတ်စဉ်မှာ ရေတွင်းတခုအနီး ဆယ်လ်ဖီရိုက်ဖို့ ကြိုးစားရင်း ခြေချော်ကျခဲ့လို့ ကယ်တင်ခဲ့ရပါတယ်။ ဖရီဒဲလ်အမည်ရတဲ့ အဲဒီအမျိုးသမီးဟာ အိန္ဒိယနိုင်ငံ၊ ဂျူနာဂါဒါမြို့ရိုးခံတပ်ဆီ လည်ပတ်ခဲ့စဉ်မှာ ရေတွင်းတခုအနီး ဆယ်လ်ဖီရိုက်ဖို့ကြိုးစားရင်း မတော်တဆ ခြေချော်ကျခဲ့တာလို့ ဒေသတွင်းရဲတွေက ပြောပါတယ်။ သူ့ရဲ့အော်သံကြောင့် တခြား ခရီးသွားဧည့်သည်တွေက အပြေးအလွှား လာရောက်ခဲ့ကြပြီး ရေတွင်းထဲက ပြန်တက်နိုင်ဖို့ ကူညီကယ်တင်ခဲ့ကြတာပါ။ သူတို့ဟာ ရှပ်အင်္ကျီတွေကို ဆက်ထုံးလုပ် ကြိုးအဖြစ်ချည်ပြီး တွင်းထဲချ ကယ်တင်ခဲ့ကြတာကို ရုပ်သံဗွီဒီယိုဖိုင်မှာ တွေ့ရပါတယ်။ သူ့ကို ရေတွင်းထဲက ဆွဲတင် ကယ်ယူပြီးချိန်မှာ အသေးစား ထိခိုက်ဒဏ်ရာတချို့ကလွဲပြီး စိုးရိမ်စရာ အခြေအနေ မရှိဘူးလို့ သတင်းမှာ ဖော်ပြပါတယ်။
7 years Ago
Up