တောင်ကိုရီးယားက နာမည်ကြီး ဆမ်ဆောင်း Samsung အီလက်ထရောနစ် ကုမ္ပဏီရဲ့ ရှယ်ယာဈေးနှုန်းတွေ သောကြာနေ့မှာ အနည်းငယ် မြင့်တက်လာပါတယ်။
ဆမ်ဆောင်းက အသစ်ထုတ်ပြီး ဖြန့်ချိခဲ့တဲ့ Galaxy Note 7 စမတ်ဖုန်းတွေ အပူလွန် မီးလောင်တာတွေ ရှိတဲ့အတွက် ကုမ္ပဏီရဲ့ရှယ်ယာဈေးနှုန်းတွေ အေးနေရာကနေ ပြန်တက်လာတာပါ။
သောကြာနေ့မှာ ရှယ်ယာဈေးနှုန်း သုည ဒသမ ၈ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါတယ်။ ဆမ်ဆောင်း အီလက်ထရောနစ်ကုမ္ပဏီက ထုတ်တဲ့ Galaxy Note 7 တွေ ဈေးကွက်ထဲ ဖြန့်ပြီး ၂ လမပြည့်ခင် ဒီတပတ် အင်္ဂါနေ့က ပြန်သိမ်းခဲ့ပါတယ်။
ဒီအတွက် ဆမ်ဆောင်း အမှတ်တံဆိပ်ရဲ့ ဂုဏ်သိက္ခာထိခိုက်ခဲ့ပြီး ဒီတပတ်ထဲမှာ ၈ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ပါတယ်။
Note 7 စမတ်ဖုန်းတွေကို စက်တင်ဘာလဆန်းပိုင်းမှာ အလုံးရေ ၂ သန်းခွဲ ဈေးကွက်ဖြန့်ခဲ့ပြီး အပူလွန် မီးလောင်မှုတွေ တော်တော်များများ ဖြစ်ခဲ့ပါတယ်။
နောက်ဆုံးမှာတော့ ဒေါ်လာ ၈၈၂ အထိ စေျးကြီးပေးရတဲ့ စမတ်ဖုန်းတွေကို ကုမ္ပဏီက ဈေးကွက်ကနေ ပြန်သိမ်းဖို့ ဆုံးဖြတ်ခဲ့ရပါတယ်။
4 years Ago