ဆမ်ဆောင်းဥက္ကဋ္ဌ

February 5, 2018

ဆမ်ဆောင်းဥက္ကဋ္ဌ ဂျေဝိုင်လီ၏ ထောင်ဒဏ်ပြစ်ဒဏ် ဆိုင်းငံ့

တောင်ကိုရီးယား တရားရုံးက  ဆမ်ဆောင်းဥက္ကဋ္ဌ ဂျေဝိုင်လီ (Jay Y. Lee) ရဲ့ ထောင်ဒဏ်ပြစ်ဒဏ်ကို ဖေဖော်ဝါရီ ၅ ရက်နေ့မှာ ဆိုင်းငံ့လိုက်ပါတယ်။ ဂျေဝိုင်လီဟာ သမ္မတ ပတ်ဂွန်ဟေး ရာထူးကနေ ဆင်းပေးရတဲ့ အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံနဲ့ တနှစ်ကြာ အကျဉ်းကျခဲ့ပြီးနောက် လွတ်မြောက်ခဲ့တာဖြစ်ပါတယ်။ ဆိုးလ်တရားရုံးချုပ်ဟာ ဂျေဝိုင်လီကို မူလပြစ်ဒဏ် တဝက်လျှော့ပြီး ထောင်ဒဏ် ၂ နှစ်ခွဲ ချမှတ်ခဲ့တာပါ။ အဲဒီနောက် လာဘ်ပေးလာဘ်ယူမှုနဲ့ အလွဲသုံးစားမှု အပါအဝင် စွဲချက်တွေအတွက် ပြစ်ဒဏ်ကို တရားရုံးက ဆိုင်းငံ့ခဲ့ပါတယ်။ ဒီအတွက် ဂျေဝိုင်လီဟာ ထောင်ဒဏ်ကျခံစရာ မလိုတော့ပါဘူး။ အသက် ၄၉ နှစ်အရွယ် ဂျေဝိုင်လီကို ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလက စပြီး ထိန်းသိမ်းခဲ့တာပါ။ တနှစ်တာ အကျဉ်းကျခံရမှု ပြီးဆုံးပြီးနောက် ဂျေဝိုင်လီဟာ ဆမ်ဆောင်း အီလက်ထရွန်းနစ် ဒါရိုက်တာရာထူး အပါအဝင် သူ့ရဲ့တာဝန်တွေကို ဆက်လက်ထမ်းဆောင်သွားမှာ ဖြစ်တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။
4 years Ago
Up