ဆမ်ဆောင်းဂလက်ဆီ

A d v e r t i s e m e n t With Us

October 12, 2016

ကိုရီးယားတွင် ဆမ်ဆောင်းဂလက်ဆီ Note 7 ဖုန်း ဘယ်လိုမီးလောင်ကျွမ်းခဲ့သလဲ (ရုပ်သံ)

တောင်ကိုရီးယားနိုင်ငံမှ ဘာဂါကင်းစားသောက်ဆိုင်မှာ ဆမ်ဆောင်းဂလက်ဆီ Note 7 ဖုန်းတလုံးဟာ အောက်တိုဘာလ ၁၀ ရက်နေ့က မီးလောင်ကျွမ်းခဲ့တာကို ရုပ်သံကင်မရာမှ တဆင့် ဖမ်းယူရရှိခဲ့တယ်လို့ ThaiTech သတင်းတပုဒ်မှာ ဒီကနေ့ ဖော်ပြပါတယ်။ ဒီအဖြစ်အပျက်ဟာ အင်ချွန်းမြို့မှာ ဖြစ်ခဲ့တာဖြစ်ပြီး စားပွဲပေါ်တင်ထားခဲ့တဲ့ ဖုန်းကနေ မီးခိုးလုံးတွေ ထွက်နေခဲ့တာကို ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ တွေ့ရပါတယ်။ စားသောက်ဆိုင်ဝန်ထမ်းအမျိုးသမီးဟာ အကာအကွယ်ပါတဲ့ လက်အိတ်ကို အသုံးပြုပြီး ဖုန်းကို ကောက်ယူဖို့ ကြိုးစားခဲ့ပေမယ့် ဖုန်းဟာ အလွန်အမင်း ပူလွန်းတာကြောင့် အောက်ကို ပြုတ်ကျသွားခဲ့တာကို တွေ့ရပြီးနောက်မှာမှ သယ်သွားနိုင်ခဲ့တာပါ။ တကမ္ဘာလုံးမှာ ဆမ်ဆောင်းဂလက်ဆီ Note 7 ဖုန်းထုတ်လုပ်မှုကို ရပ်ဆိုင်းခဲ့ပြီး နောက်မှာ ဖုန်းလက်ဝယ်ရှိသူတွေအနေနဲ့ အန္တရာယ်ရှိတဲ့အတွက် ဆက်လက်အသုံးပြုမှုကို ရပ်ဆိုင်းလိုက်ဖို့ သတိပေးမှုတွေ ဆက်လက်မြင့်တက်နေခဲ့တာပါ။ အမေရိကန်နဲ့ သြစတြေးလျနိုင်ငံတွေမှာတော့ သြဂုတ်လ ၁၀ ရက်နေ့ကတည်းက ဆမ်ဆောင်းဂလက်ဆီ Note 7 ဖုန်းရောင်းချခွင့်ကို ပိတ်ပင်ထားခဲ့ပြီး လေယာဉ်တွေပေါ် သယ်ဆောင်ခွင့်ကိုပါ ထပ်မံပိတ်ပင်ထားခဲ့တာပါ။ အောက်တိုဘာလ ၁၁ ရက်နေ့မှာတော့ ဆမ်ဆောင်းကုမ္ပဏီက သူတို့ရဲ့ Note 7 ဖုန်းထုတ်လုပ်မှုကို ရပ်ဆိုင်းလိုက်ပြီလို့ ထုတ်ပြန်ကြေငြာလိုက်တာပါ။ သူတို့ရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ ဒါဟာ သူတို့ရဲ့ ထုတ်ကုန်ကို ထုတ်လုပ်မှုရပ် ဆိုင်းလိုက်ဖို့ နောက်ဆုံး ဆုံးဖြတ်ချက်တခုဖြစ်တယ်လို့ ဖော်ပြခဲ့တာပါ။
4 years Ago
Up