ပြန်လဲလှယ်ပေးလိုက်တဲ့ Samsung Galaxy Note 7 ဖုန်းတွေ မီးလောင်မှု ဆက်ဖြစ်နေတယ်ဆိုတဲ့အတွက် အဲဒီဖုန်းတွေ ထုတ်လုပ်မှုကို ဆမ်ဆောင်းကုမ္ပဏီက ရပ်ဆိုင်းလိုက်ပါတယ်။
အစိုးရအာဏာပိုင်တွေနဲ့ ဆွေးနွေးပြောဆိုအပြီး ဒီဖုန်းတွေကို ထုတ်လုပ်မှု ယာယီ ရပ်ဆိုင်းလိုက်တယ်လို့ ကုမ္ပဏီက ပြောပါတယ်။
ဖုန်းတွေရဲ့ အရည်အသွေးနဲ့ ဘေးကင်းလုံခြုံရေးကို ပြန်စစ်ဆေးဖို့ အခုလို ထုတ်လုပ်မှုကို ရပ်ဆိုင်းတယ်လို့ ကုမ္ပဏီက ပြောပါတယ်။
အခုလို Note 7 ဖုန်းတွေ ဘက်ထရီပြဿနာ တက်တဲ့အတွက် ဖုန်းမော်ဒယ်အသစ်တွေ ပြန်ထုတ်ဖို့ ကုမ္ပဏီက ဖိအားပေးခံရပါတယ်။
ပြီးခဲ့တဲ့လက ဒီ Galaxy Note 7 ဖုန်းတွေ ကုမ္ပဏီက ပြန်လဲလှယ်ပေးလိုက်ပြီး ပြန်လဲလှယ်ပေးလိုက်တဲ့ ဖုန်းတွေကို စိတ်ချရတယ်လို့ ကုမ္ပဏီက ပြောခဲ့တာပါ။
ဒါပေမယ့်လည်း အမေရိကန်ပြည်ထောင်စုမှာ ဒီပြန်လဲပေးလိုက်တဲ့ဖုန်းတွေဟာ လေယာဉ်ပေါ်မှာ မီးလောင်မှု၊ အိမ်မှာ ဘက်ထရီအားမသွင်းဘဲလည်း မီးခိုးတွေထွက်ခဲ့တဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။
6 years Ago