အင်္ဂလိပ်ဘောလုံးအဖွဲ့ချုပ် (အက်ဖ်အေ) က အင်္ဂလန်နည်းပြရာထူးအတွက် ဆန်းဒါးလန်းအသင်း နည်းပြ ဆမ်အလာဒိုက်စ်နဲ့ စကားပြောဆို ညှိနှိုင်းနေပါတယ်။
ဆန်းဒါးလန်းအသင်းကလည်း အက်ဖ်အေနဲ့ ဆွေးနွေးဖို့ ခွင့်ပြုထားပါတယ်။
ဒါပေမယ့် ပရီးမီးယာားလိဂ်ကလပ် ဆန်းဒါးလန်းအသင်း တာဝန်ရှိသူတွေကတော့ သူတို့နည်းပြကို အသင်းမှာ ဆက်နေစေချင်ကြောင်း အခိုင်အမာ ပြောဆိုထားပါတယ်။
အင်္ဂလန်အသင်းဟာ နည်းပြ ရွိုင်းဟော့ဆန် ထွက်သွားပြီးကတည်းက နည်းပြသစ်တဦး ရှာဖွေနေပါတယ်။
အင်္ဂလန်အသင်း နည်းပြ ရာထူးနေရာအတွက် အက်ဖ်အေက အာဆင်နယ်နည်းပြ အာစင်ဝင်းဂါး၊ အမေရိကန်နည်းပြ ကလင်းစမန်းနဲ့ ဟားစီးတီးနည်းပြ စတိဘရုစ်တို့ကိုလည်း ချိတ်ဆက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ သတင်းတွေမှာ ရေးသားထားပါတယ်။
7 years Ago