ဆပ်ပြာ

A d v e r t i s e m e n t With Us

April 14, 2020

မွန်ပြည်နယ်တွင် အခြေခံလူတန်းစားများအတွက် ဆပ်ပြာနှင့် Mask ၁ သိန်းစီဖြန့်ဝေမည်

မွန်ပြည်နယ်အတွင်းမှာ ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစားပြည်သူတွေအတွက်  ကာဘော်လစ်ဆပ်ပြာနဲ့ နှားခေါင်းစည်း Mask တစ်သိန်းစီ ဖြန့်ဝေပေးသွားမယ်လို့ မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အေးဇံက ပြောပါတယ်။ ဒီပစ္စည်းတွေကိုတော့ မွန်ပြည်နယ်အတွင်းရှိ  ၁၀ မြို့နယ်က အခြေခံ လူတန်းစားတွေအတွက် ဖြန့်ဝေပေးသွားဖို့ စီစဉ်ထားပြီး ဒီပစ္စည်းတွေ ဖြန့်ဝေရာမှာလည်း လူစုလူဝေးတွေ မဖြစ်အောင်  စနစ်တကျ လုပ်ဆောင်သွားဖို့ ညွှန်ကြားထားတာပါ။ လက်ရှိမှာတော့ COVID- 19 ရောဂါနဲ့ ပတ်သက်ပြီး ရပ်ကွက်၊ ကျေးရွာအဆင့်အထိ တရက်ခြား တခါ ကျန်းမာရေး အသိပညာပေးတာနဲ့ ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်တွေကို လိုက်လံနှိုးဆော်ပေးဖို့ ညွှန်ကြားထားတယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။ မွန်ပြည်နယ်မှာတော့ အစိုးရက သတ်မှတ်ထားတဲ့ အခြေခံ လူတန်းစား အိမ်ထောင်စု ပေါင်း ၄၀၀၀၀ ကျော် ရှိတယ်လို့ သိရပါတယ်။
11 months Ago

March 20, 2020

ဆီးရီးယားဒုက္ခသည်များ ဆပ်ပြာနှင့် လက်သန့်စင်ဆေးရည်မရှိ ဖြစ်နေ 

ဆပ်ပြာမရှိ၊ လက်သန့်စင်ဆေးရည်မရှိတဲ့ လက်ဘနွန်မြောက်ပိုင်း ဒုက္ခသည်စခန်းက  ဆီးရီးယားဒုက္ခသည်တွေဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မခံရအောင် ကိုယ့်ကိုယ်ကိုယ်  မနည်း ဂရုစိုက်နေရပါတယ်။ မတ်လ ၁၉ ရက်မှာ ဒုက္ခသည်တွေက ဆပ်ပြာနဲ့ လက်သန့်စင်ဆေးရည် မရှိတာကို စိုးရိမ်မိတယ်လို့ ပြောခဲ့ပါတယ်။ လက်ဘနွန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၄၉ ဦးရှိပြီး ခုချိန်ထိ ၄ ဦး သေဆုံးခဲ့ပါတယ်။ ဒါပေမဲ့ လက်ဘနွန်မှာ ရှိနေတဲ့ ဆီးရီးယားဒုက္ခသည်တွေမှာတော့ ကူးစက်ခံရသူ တဦးမှ မရှိသေးပါဘူး။ လက်ဘနွန်နိုင်ငံမှာ  ဆီးရီးယားဒုက္ခသည် ၁ သန်းရှိပြီး နိုင်ငံလူဦးရေရဲ့  ခြောက်ပုံတပုံ ရှိပါတယ်။ ကိုရိုနာဗိုင်းရပ်စ် အသိပညာပေးတာနဲ့ လူတဦးကို ဆပ်ပြာတတုံးစီပေးတာတွေ လုပ်နေပေမယ့် အဲဒါက မလုံလောက်ဘူးလို့ ဆီးရီးယားဒုက္ခသည်တဦးက ဆိုပါတယ်။ ဆေးဆိုင်သွားပေမယ့် နှာခေါင်းစည်းတွေက ဈေးကြီးနေပြီး မဝယ်နိုင်ဘူးလို့လည်း သူက  ပြောခဲ့ပါတယ်။ လက်ဘနွန်ကျန်းမာရေးဌာနက ရောဂါဖြစ်ပွားတာကို ကြိုးပမ်းဖြေရှင်းနေရတာမို့  ဆီးရီးယားနဲ့ ပါလက်စတိုင်း ဒုက္ခသည်စခန်းတွေဆီ ဗိုင်းရပ်စ်ပျံ့နှံ့လာမှာကို လက်ဘနွန်အစိုးရ စိုးရိမ်နေတယ်လို့ ရိုက်တာသတင်းက အစီရင်ခံပါတယ်။
12 months Ago
Up