ဆပ်ကပ်

November 28, 2017

ဆပ်ကပ်ပွဲမှ ကျားတကောင်လွတ်မြောက်ပြီး ရုန်းရင်းဆန်ခတ်ဖြစ်၊ ကလေးငယ် ၂ ဦး ကုတ်ခြစ်ခံရ (ရုပ်သံ)

တရုတ်နိုင်ငံမြောက်ပိုင်း ရှန်းရှီးပြည်နယ်မှာ နိုဝင်ဘာ ၂၅ ရက်နေ့က ဆပ်ကပ်ပွဲတခုအတွင်း ကျားတကောင် လွတ်မြောက်ပြီး ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့တာကြောင့် ကလေးငယ် ၂ ဦး ဒဏ်ရာရခဲ့ပါတယ်။ ဟုန်ထုံကောင်တီ ရှန်းဝမ်ရွာ ဘုရားပွဲဈေးမှာ ဆပ်ကပ်ပွဲတခု တင်ဆက်နေတုန်း လှောင်အိမ်ထဲကကျားဟာ ရုတ်တရက် လွတ်မြောက်သွားပြီး အားလုံး ရုတ်ရုတ်သဲသဲ ဖြစ်ကုန်တာပါ။ လွတ်မြောက်သွားတဲ့ကျား ပြေးလွှားနေရင်း ကလေးငယ် ၂ ဦး ကုတ်ခြစ်ခံခဲ့ရလို့ ဆေးရုံပို့ခဲ့ရပေမယ့် နောက်ပိုင်းမှာတော့ အဲဒီကလေး ၂ ဦး ဒဏ်ရာသက်သာပြီး ဆေးရုံက ဆင်းသွားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ကျားကို ပြန်လည်ဖမ်းမိခဲ့ပြီး အခုအခါ အများပြည်သူ လုံခြုံရေးဌာနနဲ့ သစ်တောဌာနတို့က အဲဒီကိစ္စကို အမှုဖွင့်ပြီး စုံစမ်းစစ်ဆေးနေတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
3 years Ago

August 24, 2017

ဆပ်ကပ်ဖျော်ဖြေချိန် ကျားတိုက်ခိုက်ခံရသည့်ရုပ်သံ ပျံ့နှံ့

ဆပ်ကပ်ဆရာ အမျိုးသားတဦးဟာ စင်ပေါ်မှာ ဖျော်ဖြေတင်ဆက်နေတုန်း ကျားတိုက်ခိုက်ခံရတဲ့ ထိတ်လန့်ဖွယ် အခိုက်အတန့် ရုပ်သံဗွီဒီယိုဖိုင်ဟာ အင်တာနက်စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့နေပါတယ်။ ဒီရုပ်သံဗွီဒီယိုဖိုင်ဟာ လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၁ သန်းကျော်သွားခဲ့ပြီ ဖြစ်ပါတယ်။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ ကျားဟာ ဆပ်ကပ်ဆရာကို ခုန်အုပ်ကိုက်ဆွဲနေခဲ့ချိန်မှာ တခြားအဖွဲ့သားတဦးက ကျားကို မောင်းထုတ်နေတာ တွေ့ရပါတယ်။ ဒါဟာ တရုတ်နိုင်ငံ တိရစ္ဆာန်ဥယျာဉ်တခုတွင်းမှာ ဖြစ်ခဲ့တာဖြစ်ပြီး ကြည့်ရှုသူ ပရိသတ်အမျိုးသမီးတဦးက ဒီထိတ်လန့်ဖွယ် အခိုက်အတန့်ကို ရိုက်ယူထားနိုင်ခဲ့တာပါ။ ဘေးက မြင်တွေ့နေရတဲ့ ပရိသတ်တွေဆီက “အိုး… ဘုရားရေ”၊ “မြန်မြန်ကယ်ကြပါဦး” စတဲ့ အာမေဋိတ်သံတွေနဲ့ ထိတ်လန့်တကြား အော်ဟစ်နေခဲ့ကြတာကိုလည်း ကြားရပါတယ်။ လူမှုကွန်ရက်စာမျက်နှာ အသုံးပြုသူတွေက ခုလို ရက်စက်ပြီး အန္တရာယ်များလှတဲ့ သရုပ်ပြဖျော်ဖြေမှုတွေကို တားမြစ်ဖို့ သက်ဆိုင်ရာကို ဝေဖန်ပြောဆိုနေကြပါတယ်။
4 years Ago
Up