ဆန်ဖရန်စစ္စကို

June 7, 2020

ဂျော့ဖလွိုက်အတွက် ဆန်ဖရန်စစ္စကိုတွင် လူထောင်ပေါင်းများစွာ ဆန္ဒပြ

လူမည်းအမျိုးသား ဂျော့ဖလွိုက်သေဆုံးမှုအတွက် ဆန္ဒပြသူထောင်ပေါင်းများစွာဟာ အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုက ဂိုးလ်ဒင်းဂိတ်တံတားပေါ်မှာ ဇွန်လ ၆ ရက်က ချီတက်ဆန္ဒပြခဲ့ကြပါတယ်။  အမေရိကန်ပြည်ထောင်စု တဝှမ်း ဂျော့ဖလွိုက်သေဆုံးမှုအတွက် ၁၂ ရက်မြောက် ဆန္ဒပြပွဲ တွေ ဆက်တိုက် ဖြစ်နေတာပါ။  မေလ ၂၅ ရက်က ဂျော့ဖလွိုက်ကို မင်နီယာပိုးလစ်မြို့မှာ ရဲက ဖမ်းဆီးသတ်ဖြတ်မှုဟာ အမေရိကန်မှာ လူမျိုးရေးခွဲခြားမှုနဲ့ ရဲတပ်ဖွဲ့ရဲ့ ရက်စက်မှုကို နိုင်ငံတဝှမ်းဆန့်ကျင်ဆန္ဒပြမှုတွေ ဖြစ်စေခဲ့ပြီး ကမ္ဘာ့နိုင်ငံတွေမှာလည်း ဆန္ဒပြမှုတွေ ဖြစ်စေခဲ့ပါတယ်။ ဂိုးဒင်းဂိတ်တံတားပေါ် ချီတက်တဲ့ ဆန္ဒပြပွဲကို စီစဉ်သူတွေက ဆန္ဒပြသူတွေကို ပါးစပ်နှာခေါင်းစည်း မက်စ်တွေ တပ်ထားဖို့နဲ့၊ တတ်နိုင်သမျှ လူချင်းခပ်ခွာခွာနေဖို့ တောင်းဆို ခဲ့ပါတယ်။  ဇွန် ၆ ရက်နေ့က ဝါရှင်တန်၊ မီယာမီ၊ ဖီလာဒီဖဲယားနဲ့ နယူးယော့ မြို့ကြီးတွေမှာလည်း ငြိမ်းချမ်းစွာ ချီတက်ဆန္ဒပြပွဲတွေ ပြုလုပ်ခဲ့ကြတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
2 years Ago

May 24, 2020

ဆန်ဖရန်စစ္စကို ဆိပ်ခံတံတားရှိ ကုန်လှောင်ရုံ မီးအကြီးအကျယ်လောင် (ရုပ်သံ)

အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုမြို့က အထင်ကရ နေရာဖြစ်တဲ့ ဆိပ်ခံတံတားက ကုန်လှောင်ရုံဟာ မေလ ၂၃ ရက် မနက်က မီးအကြီးအကျယ် လောင်ခဲ့ပါတယ်။  ဆိပ်ခံတံတားနံပါတ် ၄၅ မီးလောင်မှုကို အဆင့်လေးအထိ သတ်မှတ်ခဲ့ပြီး မီးသတ်သမားတွေ ကြိုးစားငြှိမ်းသတ်ခဲ့ရပါတယ်။ ဆိပ်ခံမှာ ကျောက်ချထားတဲ့ ဒုတိယ ကမ္ဘာစစ်ကျန် သမိုင်းဝင် ကုန်သင်္ဘောကို မီးကူးလုနီးပါး ဖြစ်ခဲ့တာပါ။ မီးသတ်သမားတွေက ဂျေရမီယာ အိုဘရိုင်ယန်ကုန်သင်္ဘောကို မီးမကူးအောင် ငြှိမ်းသတ်နိုင်ခဲ့ပါတယ်။ ဒီသင်္ဘောဟာ သမိုင်းဝင်အဖြစ် နိုင်ငံတော်မှတ်တမ်းဝင် သင်္ဘော ဖြစ်ပါတယ်။ မီးလောင်မှုကြောင့် ဒဏ်ရာရသူလည်းရှိပြီး မီးလောင်ရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေး နေဆဲဖြစ်ပြီး ဆန်ဖရန်စစ္စကို မီးသတ်ဌာနကို ကိုးကားပြီး ဒေသခံ မီဒီယာတွေက ရေးပါတယ်။ မီးလောင်ပြင် မြင်ကွင်းကို ရိုက်ကူးထားတဲ့ ရုပ်သံတွေလည်း လူမှုကွန်ရက် မီဒီယာတွေပေါ်မှာ ပျံ့နေပါတယ်။ 
2 years Ago
Up