ဆန်ဒါဘာ့ဂျ်

A d v e r t i s e m e n t With Us

November 30, 2019

လီဗာပူးက ဖာဘင်ဟို ဒဏ်ရာကြောင့် ဆန်ဒါဘာ့ဂျ်ကိုခေါ်ရန် အရှိန်မြှင့်တင်ဖွယ်ရှိ

အားထားရတဲ့ အဓိကကွင်းလယ်လူ ဖာဘင်ဟို ဒဏ်ရာရရှိသွားတာကြောင့် လီဗာပူးအနေနဲ့ ဂျန့်ကစားသမား ဆန်ဒါဘာ့ဂျ်ကို ခေါ်ယူဖို့ ပိုမိုအရှိန်မြှင့်တင် ကြိုးပမ်းလာနိုင်တယ်လို့ The Mirror သတင်းမှာ ဖော်ပြထားပါတယ်။ အသက် ၂၁ နှစ်သာ ရှိသေးတဲ့ ဘာ့ဂျ်ဟာ ခံစစ်အားသန် ကွင်းလယ်ကစားသမားတဦး ဖြစ်ပြီးတော့ လီဗာပူးအသင်းရဲ့ အဓိကပစ်မှတ် ဖြစ်တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ဖူးပါတယ်။ နာပိုလီနဲ့ ချန်ပီယံလိဂ်ပွဲမှာ ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် ဖာဘင်ဟိုဟာ လီဗာပူးအတွက် ဒီနှစ်ကုန်အထိ လွဲချော်ဖို့ရှိနေပါတယ်။ ဒါကြောင့် သူ့နေရာကို အစားထိုးဖို့ ဂျာဂန်ကလော့ပ်က ‌နော်ဝေးသား ဘာ့ဂျ်ကို စောစောစီးစီး ခေါ်ယူတော့မယ်လို့ ခန့်မှန်းရေးသားလာကြတာပဲ ဖြစ်ပါတယ်။ ဘာ့ဂျ်ကို ချန်ပီယံလိဂ်အုပ်စုတွင်း ပြိုင်ဘက် နာပိုလီနဲ့ ချဲလ်ဆီးအသင်းတို့ကလည်း ပစ်မှတ်ထားနေကြပြီး ကစားသမားကိုယ်တိုင်ကတော့ အန်ဖီးလ်မှာ ကစားဖို့ အိပ်မက်ရှိတယ်လို့ ထုတ်ဖော်ဝန်ခံထားဖူးပါတယ်။  လက်ရှိအချိန်မှာ ဂျန့်အသင်းနဲ့စာချုပ်ဟာလည်း ၁၈ လသာ သက်တမ်းရှိတော့တာ ဖြစ်ပြီး ကစားသမားဟာ အခုနွေရာသီမှာတင် အသင်းကနေ ထွက်ခွာသွားဖွယ် ရှိနေပါတယ်။ လက်ရှိ ဈေးကွက်ပေါက်ဈေးအရ ပေါင် ၁၈ သန်းလောက် တန်ကြေးရှိနေတဲ့ ဘာ့ဂျ်ဟာ ဖာဘင်ဟို နေရာကို တိုက်ရိုက်အစားထိုးနိုင်မယ့် ကစားဟန်ကို ပိုင်ဆိုင်ထားသူ ဖြစ်ပေမယ့် လီဗာပူးလ် နည်းပြ ကလော့ပ်ကတော့ ဖာဘင်ဟိုရဲ့ ဒဏ်ရာအခြေအနေအတွက် သိပ်မစိုးရိမ်ကြဖို့ ထုတ်ဖော်ပြောဆိုထားပါတယ်။ လီဗာပူးဟာ လာမယ့် ၃၃ ရက်အတွင်းမှာ ၁၁ ပွဲ ကစားဖို့ရှိနေပြီးတော့ ဖာဘင်ဟို အပြင် အားထားရတဲ့ နောက်တန်း ကစားသမားတဦးဖြစ်တဲ့ မာတစ်ဟာလည်း ဒဏ်ရာရရှိနေပါတယ်။  ဒါပေမဲ့ ကလော့ပ်ကတော့ “ကျနော်တို့အနေနဲ့ ဒီပြဿနာတွေအတွက် အဖြေရှာရမှာ ဖြစ်ပြီးတော့ အဖြေရှာတွေ့မှာပါ” လို့ ပြောဆိုထားပါတယ်။ ဘာ့ဂျ်ကတော့ ဂျန့်အသင်းကနေ ထွက်ခွာလိုသူဖြစ်နေပြီး သူ့ကို လီဗာပူးအသင်းကပဲ ခေါ်ယူဖြစ်မလား၊ တခြားအသင်းတသင်းဆီပဲ ရောက်ရှိသွားမလား ဆိုတာကတော့ စောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်။
1 year Ago
Up