စစ်အာရှင်ကို ဆန့်ကျင်ကန့်ကွက်တဲ့ ဆန်ကောတော်လှန်ရေးကို မုံရွာမြို့မှာ ဒီနေ့စတင်လိုက်ပြီး သပိတ်စစ်ကြောင်း ဦးဆောင်သူတွေက ဆန်ကောအချပ်ရေ ရာဂဏန်းလောက်နဲ့ အကောင်အထည်ဖော်ခဲ့ကြပါတယ်။
ဆန်ကောတွေက ဒေသထွက်လက်မှုပစ္စည်းတွေဖြစ်သလို အိမ်တိုင်း နီးပါးမှာလည်းရှိကြပြီး အလွယ်တကူ ယူဆောင်လာနိုင်ကြတဲ့အတွက် ဆန်ကောတော်လှန်ရေးကို စတင်အကောင်အထည်ဖော်ခဲ့ကြတာပါ။
ရေဒဏ်၊ လေးခွဒဏ်၊ ရာဘာကျည်ဒဏ်၊ နေပူဒဏ်ကာကွယ်ရာတွေမှာ အလွယ်တကူ အသုံးပြုနိုင်တဲ့ ပစ္စည်းတွေလည်းဖြစ်ပြီး ဆန်ကောရဲ့ အတွင်းအပြင်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး စာလုံးတွေ၊ သရုပ်ဖော်ပုံတွေလည်း ရေးသားနိုင်တဲ့အပြင် ရေရှည်တိုက်ပွဲ ကုန်ကျစရိတ်လည်း သက်သာစေတဲ့အတွက် ရွေးချယ်အသုံးပြုနေကြတာပါ။
မုံရွာက စတင်ခဲ့တဲ့ ဆန်ကောတော်လှန်ရေးဟာ အခုဆို ဒီပဲယင်း၊ ရွှေဘို၊ ခင်ဦး၊ မန္တလေး စတဲ့မြို့တွေမှာလည်း စတင်လုပ်ဆောင်နေကြပြီလည်းဖြစ်ပါတယ်။
စစ်ကိုင်းတိုင်း၊ မုံရွာမြို့အထွေထွေသပိတ်ကော်မတီက ဦးဆောင်ပြီး ၆ ရက်မြောက်အထွေထွေသပိတ် ပြုလုပ်ခဲ့ပါတယ်။
ဒီအထွေထွေသပိတ်မှာ ရဟန်းသံဃာတွေ၊ ကျောင်းသားတွေ၊ လယ်သမား၊ အလုပ်သမားတွေ၊ ကုန်သည်ပွဲစားတွေ၊ ရပ်ကျေးအုပ်ချုပ်ရေးမှုးတွေ၊ လူငယ်တွေ၊ ဌာနဆိုင်ရာအရာထမ်း၊ အမှုထမ်းတွေက စစ်အာဏာရှင်ဆန့်ကျင်တဲ့ လှုပ်ရှားမှု ပုံစံမျိုးစုံနဲ့ ပါဝင်ခဲ့ကြပါတယ်။
ဒီနေ့မှာတော့ ဆိုင်းဘုတ်မျိုးစုံ၊ ကြွေးကြော်သံမျိုးစုံ၊ ဝတ်စားဆင်ယင်မှုမျိုးစုံနဲ့ အင်အား သိန်းချီပါဝင်ခဲ့ပြီး ဌာနဆိုင်ရာတေယ်တော်များများ ပါဝင်လာခဲ့ကြပါတယ်။
ဒါ့အပြင် ဒေသထွက် ဆန်ကောတွေ၊ ခမောက်တွေကို အသုံးပြုကာ ဆန်ကောတော်လှန်ရေးကိုလည်း စတင်ခဲ့ကြပါတယ်။
ဆန်ကောတွေက ပြည်တွင်းဖြစ် လက်မှုပစ္စည်းတွေဖြစ်ပြီး အကာအကွယ်လည်း ရတာကြောင့် အသုံးပြုတာလို့ သိရပါတယ်။