ဆန်​အိတ်​များ

October 28, 2016

ဆန်​အိတ်​များ တင်​​ဆောင်​လာ​သည့် ၁၂ ဘီးယာဉ်​ လမ်းဘေးထိုးကျ

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် ရန်ကုန်-မန္တလေး ကားလမ်း ထော်နွတ်ကျေးရွာအနီးမှာ အောက်တိုဘာ ၂၈ ရက်နေ့ မနက် ၇ နာရီခွဲအချိန်က ဆန်အိတ်တွေ တင်ဆောင်လာတဲ့ ၁၂ ဘီး ယာဉ်တစီး လမ်းဘေးထိုးကျ တိမ်းမှောက်မှုဖြစ်ပွားခဲ့ပါတယ်။ ညောင်လေးပင်မြို့နယ် ထော်နွတ်ကျေးရွာအနီး ရန်ကုန်-မန္တလေး ကားလမ်း မိုင်တိုင်အမှတ် (၁၀၇/၂) မှာ ရန်ကုန်ကနေ မန္တလေးဘက် မောင်းနှင်လာတဲ့ 6I/2261 ၁၂ ဘီး အပြာ/ခဲရောင် ဟီးနိုးယာဉ်ဟာ အရှိန်မထိန်းနိုင်ဘဲ လမ်းအနောက်ဘက်ကို ထိုးကျတိမ်းမှောက်ခဲ့ပါတယ်။ တိမ်းမှော်ကမှုကြောင့် အကူယာဉ်မောင်းနဲ့ ယာဉ်မောင်းတို့ ဒဏ်ရာရရှိခြင်းမရှိဘဲ ယာဉ်ပေါ်တင်လာတဲ့ ဆန်အိတ် ၂၀ ရေနစ်ပျက်စီးကာ၊ ယာဉ်ဦးခေါင်း ပိန်ချိုင့်သွားကြောင်း သိရပါတယ်။ ယာဉ်မဆင်မခြင်ပေါ့ဆစွာ မောင်းနှင်သူယာဉ်မောင်းအား ပိန်းဇလုပ်နယ်မြေ ရဲစခန်းက ယာဉ်မဆင်မခြင်မောင်းနှင်မှု ရာဇသတ်ကြီးဥပဒေပုဒ်မ  (၂၇၉) နဲ့ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။ သတင်း၊ ဓာတ်ပုံ - နေလင်းထိုက်
6 years Ago
Up