ဆန့်ကျင်ရှုတ်ချပွဲ

October 14, 2018

ပြည်ပနိုင်ငံများနှင့်အဖွဲ့အစည်းများကို ဆန့်ကျင်ရှုတ်ချပွဲ မြို့တော်ခန်းမရှေ့ ပြုလုပ်(ဓာတ်ပုံ)

နိုင်ငံတော်နဲ့ တပ်မတော်အပေါ် ဖိအားပေးဝင်ရောက်စွက်ဖက်တဲ့ ပြည်ပနိုင်ငံတွေနဲ့ အဖွဲ့အစည်းတွေအား ဆန့်ကျင်ရှုတ်ချပွဲတရပ်ကို အမျိုးသားအရေး အင်အားစု(ရန်ကုန်) က ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ ပြုလုပ်ခဲ့ကြပါတယ်။ ဆရာတော်ဦးဝီရသူ၊ ကိုဝင်းကိုကိုလတ် ဦးဆောင်ပါဝင်ဆန္ဒပြခဲ့တာဖြစ်ပြီး လူအင်အား ထောင်ချီတက်ရောက်ခဲ့ကြပါတယ်။ ရွှေဂုံတိုင်ရေခဲဆိုင်မှတ်တိုင်မှ စတင်စုဝေးပြီး မြို့တော်ခန်းမရှေ့အထိ စုဝေးလမ်းလျှောက်ခဲ့ပါတယ်။ အခမ်းအနားမှာ မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂများ (ရန်ကုန်) နဲ့ မန္တလေးက သဘောထားကြေညာချက်တွေ ပေးပို့ခဲ့တယ်လို့ သိရပါတယ်။ ဓာတ်ပုံ - ပြည့်ဘုန်းအောင်
3 years Ago
Up