ဆန့်ကျင်ဆန္ဒပြ

July 20, 2019

ပြည်သူ့ဝန်ဆောင်မှု ညံ့ဖျင်းသည့် အီရတ်အစိုးရကို ပြည်သူများ ဆန့်ကျင်ဆန္ဒပြ

အီရတ်နိုင်ငံက ရေနံကြွယ်ဝတဲ့ ဘာဆရာမြို့မှာ ဇူလိုင်လ ၁၉ ရက်က အစိုးရရဲ့ ပြည်သူ့ဝန်ဆောင်မှု ညံ့ဖျင်းတာကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့ပါတယ်။ အမျိုးသား ဉာဏ်ပညာလှုပ်ရှားမှု ထောက်ခံသူတွေက လမ်းပေါ်ထွက်ပြီး အခြေခံ အဆောက်အအုံ ၀န်ဆောင်မှုပိုင်း ဆိုးရွားတဲ့အပေါ် အစိုးရကို ဆန့်ကျင်ဆန္ဒပြကြတာပါ။ ဆန္ဒပြသူတွေက အစိုးရဆန့်ကျင်ရေး ကြွေးကြော်သံတွေ ဟစ်ကြွေးပြီး ပစ္စည်းတွေနဲ့ ပစ်ပေါက်ခဲ့တာမို့  လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ဆန္ဒပြသူတွေကို လူစုခွဲခဲ့ပါတယ်။ အဲဒီလိုပဲ ဘဂ္ဂဒက်မြို့ အစိမ်းရောင်ဇုန်မှာလည်း ဆန္ဒပြပွဲတွေ ပြုလုပ်ခဲ့ပါတယ်။ အဲဒီမှာ ဆန္ဒပြသူတွေက ၀န်ကြီးချုပ်ရုံးရှေ့မှာ လူထုစည်းဝေးပွဲ ကျင်းပခဲ့ပါတယ်။ ဆန္ဒပြသူတွေက အစိုးရကို ပြည်သူ့ဝန်ဆောင်မှု ပိုကောင်းအောင် လုပ်ပေးရေးနဲ့ အလုပ်အကိုင်တွေ ပိုမိုဖန်တီးပေးရေး တောင်းဆိုခဲ့ပါတယ်။ ဘာဆရာဆန္ဒပြပွဲ ပြောခွင့်ရပုဂ္ဂိုလ်က “ဘာဆရာမြို့ဟာ ဆိပ်ကမ်းမြို့၊ လူသားရင်းမြစ် သယံဇာတရင်းမြစ် ကြွယ်ဝတဲ့မြို့ဖြစ်ပြီး ဘာဆာမြို့သူမြို့သားတွေဟာ ဆင်းဆင်းရဲရဲ နေကြရတယ်” လို့ ပြောပါတယ်။
2 years Ago

June 15, 2019

ဝီကီလိခ် တည်ထောင်သူအား အမေရိကန်လွှဲပြောင်းမည့်အစီအစဉ်ကို ဆန့်ကျင်ဆန္ဒပြ

ဝီကီလိခ် တည်ထောင်သူ ဂျူလီယန် အက်ဆန်အား အမေရိကန်ဆီ လွှဲပြောင်းမှာ ဆန့်ကျင်တဲ့ ဆန္ဒပြပွဲကို ဇွန် ၁၄ ရက်နေ့က လန်ဒန် ၀က်မင်စတာ တရားရုံးအပြင်ဘက်မှာ ပြုလုပ်ခဲ့ပါတယ်။ အမေရိကန်အစိုးရရဲ့ တရားခံလွှဲပေးရေး တောင်းဆိုချက်ကို ဗြိတိန်ပြည်ထဲရေး ၀န်ကြီးက တရားဝင်တယ်လို့ ပြောပြီးနောက်မှာ အက်ဆန်ထောက်ခံသူတွေက ဆန္ဒပြကြတာပါ။ ဒါကြောင့်မို့ ၀ီကီလိခ်တည်ထောင်သူ အက်ဆန်ဟာ သူလျှိုပြစ်မှုနဲ့ အမေရိကန်နိုင်ငံမှာ ရုံးတင်စစ်ဆေးခံရမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။ အခုအခါ အက်ဆန်ဟာ အာမခံရှောင်မှုနဲ့ လန်ဒန်မြို့အကျဉ်းထောင်အတွင်း သီတင်းပတ် ၅၀ ထောင်ဒဏ်ကျခံနေပါတယ်။ အက်ဆန်ဟာ လိင်ပိုင်းဆိုင်ရာ စော်ကားမှု စုံစမ်းစစ်ဆေးရေးအတွက် ဆွီဒင်နိုင်ငံ လွှဲပြောင်းမှာကို ရှောင်ရှားတဲ့အနေနဲ့ လန်ဒန်မြို့ အီကွေဒေါသံရုံးအတွင်း ၂၀၁၂ ခုနှစ်က ၀င်ရောက်ခိုလှုံခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဧပြီ ၁၁ ရက်နေ့မှာတော့ လန်ဒန်ရဲတပ်ဖွဲ့ဟာ အီကွေဒေါသံရုံးထဲ ၀င်ရောက်ပြီး အက်ဆန်ကို လက်ရဖမ်းဆီးခဲ့ပါတယ်။
2 years Ago
More News
Up