ဆန်းဒါးလန်း ၀- ၁ မန်စီးတီး

February 3, 2016

ဆန်းဒါးလန်း ၀- ၁ မန်စီးတီး (ရုပ်သံဟိုက်လိုက်)

ဖေဖော်ဝါရီ ၂ ရက်က ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ မန်ချက်စတာစီးတီး အသင်းက ဆန်းဒါးလန်းကို ၁ ဂိုးတည်းနဲ့ ကပ်ပြီး အနိုင်ရသွားပါတယ်။ အဝေးကွင်းမှာ ယှဉ်ပြိုင်တဲ့ ဒီပွဲမှာ မန်စီးတီးအတွက် အနိုင်ဂိုးကို တိုက်စစ်မှူး အဂူရိုက သွင်းယူပါတယ်။ ဒီဂိုးဟာ အဂူရိုအတွက် နောက်ဆုံး ကစားထားတဲ့ ပရီးမီးယားလိဂ် ၁၀ ပွဲမှာ ၁၂ ဂိုးမြောက် သွင်းယူနိုင်တာ ဖြစ်ပါတယ်။ ဆန်းဒါးလန်းက ဒီပွဲမှာ ရုန်းကန် ကစားခဲ့တဲ့အတွက် မန်စီးတီး ခက်ခက်ခဲခဲ ယှဉ်ပြိုင်သွားရပါတယ်။ ဆန်းဒါးလန်းတိုက်စစ်မှူး ဒီဖိုးရဲ့ ထိုးဖောက်ကန်သွင်းချက် ကောင်းပေမယ့် မန်စီးတီး ဂိုးသမား ဂျိုးဟတ် ကာကွယ်နိုင်လို့ ချေပဂိုးနဲ့ လွဲသွားရပါတယ်။ အခုပွဲဟာ မန်စီးတီးနည်းပြ ပယ်လီဂရီနီအတွက် ပွဲပေါင်း ၁၀၀ ပြည့်တဲ့ ပွဲဖြစ်ပြီး ၆၅ ပွဲမြောက် အနိုင်ရတာလည်း ဖြစ်ပါတယ်။ ဒီပွဲနိုင်တဲ့ မန်စီးတီးက ၄၇ မှတ်နဲ့ အမှတ်ပေးဇယားထိပ်က လက်ဆက်စတာရဲ့နောက် ၃ မှတ်အကွာနဲ့ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။ ဆန်းဒါးလန်းကတော့ ၁၉ မှတ်နဲ့ တန်းဆင်းဇုန်ထဲက အဆင့် ၁၉ မှာ ရှိနေပါတယ်။
6 years Ago
Up