ဆန်းချက်ဇ် အာဆင်နယ်တွင် ဆက်ရှိမည်ဟု နည်းပြ အာစင်ဝင်းဂါး ပြော

August 4, 2017

ဆန်းချက်ဇ် အာဆင်နယ်တွင် ဆက်ရှိမည်ဟု နည်းပြ အာစင်ဝင်းဂါး ပြော

လာမယ့် ၂၀၁၇၊ ၁၈ ရာသီမှာ တိုက်စစ်မှူး ဆန်းချက်ဇ် အနေနဲ့ အာဆင်နယ်အသင်းမှာပဲ ဆက်ရှိနေလိမ့်မယ်လို့ နည်းပြ အာစင်ဝင်းဂါးက အခိုင်အမာ ပြောဆိုလိုက်ပါတယ်။ ချီလီတိုက်စစ်မှူး ဆန်းချက်ဇ်ကို ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းက ခေါ်ယူဖို့ ချိတ်ဆက်မှုတွေ ပြုလုပ်နေတာပါ။ တိုက်စစ်မှူးဟာ အာဆင်နယ်နဲ့ စာချုပ်သက်တမ်း တနှစ်ပဲ ကျန်ရှိနေပြီး သက်တမ်းတိုးဖို့ ငြင်းဆန်ထားပါတယ်။ ဆန်းချက်ဇ်ဟာ ပြီးခဲ့တဲ့ရာသီက အာဆင်နယ်အသင်းအတွက် ဂိုးပေါင်း ၂၄ ဂိုး သွင်းယူထားပါတယ်။ ဆန်းချက်ဇ်ဟာ အာဆင်နယ်အသင်းရဲ့ လေ့ကျင့်ရေးကွင်းကိုလည်း ရက်နောက်ကျပြီးမှ ရောက်ရှိခဲ့တာပါ။ သူဟာ လာမယ့် တနင်္ဂနွေနေ့ ချဲလ်ဆီးအသင်းနဲ့ ကွန်မြူနတီဒိုင်းပြိုင်ပွဲမှာ ပါဝင်ဖို့ မသေချာတဲ့ အနေအထားမှာ ရှိနေပါတယ်။ အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်မှာ ပွဲဦးထွက်အဖြစ် လက်စတာအသင်းနဲ့ သြဂုတ် ၁၁ ရက်နေ့ စတင်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
4 years Ago
Up