ဆန်းချက်ဇ်နှင့် အိုဇေးလ် ရာသီကုန်အထိ အသင်းတွင်ရှိမည်ဟု အာစင်ဝင်းဂါး ပြော

November 29, 2017

ဆန်းချက်ဇ်နှင့် အိုဇေးလ် ရာသီကုန်အထိ အသင်းတွင်ရှိမည်ဟု အာစင်ဝင်းဂါး ပြော

အာဆင်နယ်အသင်းရဲ့ အဓိက ကစားသမား ၂ ဦးဖြစ်တဲ့ ဆန်းချက်ဇ်နဲ့ အိုဇေးလ်တို့ဟာ ဒီနှစ်ဘောလုံးရာသီ ကုန်တဲ့အချိန်အထိ အသင်းမှာပဲ ဆက်ရှိမယ်လို့ နည်းပြ အာစင်ဝင်းဂါးက ပြောကြားလိုက်ပါတယ်။ ဆန်းချက်ဇ်နဲ့ အိုဇေးလ်တို့ ၂ ဦးဟာ ဒီနှစ်ဘောလုံးရာသီအပြီးမှာ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပြီး လာမယ့်ဇန်နဝါရီ အပြောင်းအရွှေ့မှာ တခြားအသင်းတွေဆီ ပြောင်းရွှေ့မယ်လို့ သတင်းတွေ ထွက်ပေါ်နေတာပါ။ ဒီသတင်းတွေနဲ့ပတ်သက်လို့ နည်းပြ အာစင်ဝင်းဂါးက ပယ်ချလိုက်တာဖြစ်ပြီး ဇန်နဝါရီ အပြောင်းအရွှေ့မှာ ရောင်းချသွားမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ အာဆင်နယ်အသင်းအနေနဲ့ ဆန်းချက်ဇ်နဲ့ အိုဇေးလ်တို့ ၂ ဦးကို လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ ရောင်းချခြင်းမရှိဘူးဆိုရင် ရာသီအကုန်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့်ပြုရဖွယ် ရှိနေပါတယ်။
4 years Ago
Up