ဆန်းချက်ဇ်၏

January 20, 2018

ဆန်းချက်ဇ်၏ ကျောနံပါတ် ၇ အင်္ကျီများ စတင်ရောင်းချနေ

အလက်ဆစ်ဆန်းချက်ဇ်ရဲ့ ကျောနံပါတ် ၇ ဂျာစီအင်္ကျီတွေကို လန်ဒန်မြို့ အောက်စဖိုဒ့်က အက်ဒီးဒက်စ်ဂျာစီအရောင်းဆိုင်တွေမှာ စတင်ရောင်းချနေပြီလို့ သိရပါတယ်။ အလက်ဆစ်ဆန်းချက်ဇ်ကို မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ မိတ်ဆက်ဖို့ အဆင်သင့်ဖြစ်နေပြီဖြစ်ပြီးတော့ ပေါင် ၃၅ သန်းအပြင် မစ်ခီတာရန်အလိုက်ပါ ပါဝင်တဲ့ ပြောင်းရွှေ့ကြေးနဲ့ မန်ချက်စတာယူနိုက်တက်အသင်းကို ရောက်ရှိခဲ့တာလို့ ဒေးလီးလ်မေးက ဖော်ပြပါတယ်။ တပတ်လုပ်ခပေါင် ၄ သိန်းခွဲ တနှစ်ကိုပေါင် ၇ ဒသမ ၅ သန်း လစာရရှိတော့မယ့် အလက်ဆစ်ဆန်းချက်ဇ်ဟာ သူတောင်းဆိုထားတဲ့ ကျောနံပါတ် ၇ ကို ဝတ်ဆင်ခွင့်ရရှိခဲ့တာလည်း ဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကျောနံပါတ် ၇ ဂျာစီကို ဂျော့ခ်ျဘတ်စ်၊ အဲရစ်ကန်တိုနာ၊ ဒေးဗစ်ဘက်ခမ်း၊ စီရော်နယ်ဒိုတို့ ဝတ်ဆင်ကစားခဲ့တာလည်း ဖြစ်ပါတယ်။
3 years Ago
Up