ဆန်းချက်ဇ်အား

A d v e r t i s e m e n t With Us

November 12, 2016

ဒဏ်ရာကြောင့် ဆန်းချက်ဇ်အား ပွဲထွက်ကစားခွင့်မပြုရန် အာဆင်ဝင်းဂါးတောင်းဆို

ချီလီလက်ရွေးစင်အသင်းအနေနဲ့ ဒဏ်ရာရနေတဲ့ ဆန်းချက်ဇ်ကို စွန့်စားပြီး ပွဲထွက်ကစားခွင့်မပြုဖို့ အာဆင်ဝင်ဂါးက တောင်းဆိုလိုက်ပါတယ်။ အာဆင်နယ်အသင်းမှာ ခြေစွမ်းပြနေတဲ့ ဆန်းချက်ဇ်ဟာ ကြွက်သားဒဏ်ရာ ရရှိနေပြီး ကိုလံဘီယာအသင်းနဲ့ ဂိုးမရှိသရေကျတဲ့ပွဲကို လွဲချော်ခဲ့ပါတယ်။ ချီလီလက် ရွေးစင်အသင်းဟာ လာမယ့်အင်္ဂါနေ့မှာ ဥရုဂွေးအသင်းနဲ့ ကမ္ဘာ့ခစစ်ပွဲကစားရမှာဖြစ်ပြီး ဒဏ်ရာရနေတဲ့ ဆန်းချက်ဇ်ကို စွန့်စားပြီး အသုံးမပြုဖို့ အာဆင်ဝင်းဂါးက ဆန္ဒရှိနေတာပါ။ ဆန်းချက်ဇ်ဟာ နိုင်ငံအတွက်ရော ကလပ်အသင်းအတွက်ပါ အားကိုရတဲ့သူဖြစ်ပြီး ဒဏ်ရာရနေရင်တောင် ပွဲထွက်ကစားချင်တဲ့က စားသမားဖြစ်လို့ အသင်းတာဝန်ရှိသူတွေအနေနဲ့ ဆန်းချက်ဇ်ကို ဖျောင်းဖျပေးဖို့လိုတယ်လို့လည်း အာဆင်ဝင်းဂါးက ဆိုပါတယ်။ အာဆင်နယ်အသင်းဟာ လာမယ့်စနေနေ့မှာ ကစားမယ့် ပရီးမီးယားလိဂ်ပြိင်ပွဲမှာ မန်ယူအသင်းနဲ့တွေ့ဆုံ  နေတာဖြစ်ပါတယ်။
4 years Ago
Up