မန်ချက်စတာစီးတီးအသင်းအနေနဲ့ လာမယ့် နွေရာသီမှာ အာဆင်နယ်တိုက်စစ်မှူး ဆန်းချက်ဇ် အပါအဝင် နောက်ထပ် ကစားသမား ၂ ဦးကို ကျိန်းသေပေါက် ခေါ်ယူမယ်လို့ နည်းပြ ဂွါဒီယိုလာက အတည်ပြုခဲ့ပါတယ်။
ဂွါဒီယိုလာဟာ ခေါ်ယူဖို့ နှစ်ရှည်စိတ်ဝင်စားနေခဲ့တဲ့ အာဆင်နယ်ကွင်းလယ်လူ ဆန်းချက်ဇ်ကို သေချာပေါက် ခေါ်ယူသွားမှာဖြစ်ပြီး ကွင်းလယ်လူ ယာယာတိုရေးရဲ့နေရာမှာ အစားထိုးဖို့အတွက်လည်း ရည်ရွယ်ထားတာ ဖြစ်ပါတယ်။
ဒါ့အပြင် လူစာရင်းဖြည့်တင်းမှုအနေနဲ့ ဆောက်သမ်တန်နောက်ခံလူ ဗန်ဒိုက်၊ ရီးရဲလ်ဆိုစီဒက်က အင်နီဂို မာတီနက်ဇ် အပြင် မန်ချက်စတာယူနိုက်တက် နောက်ခံလူဟောင်း လက်ရှိ ဝက်စ်ဘရွန်းအသင်းက ဂျွန်နီ အီဗန်စ်တို့ကိုလည်း ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။
မန်ချက်စတာစီးတီးအသင်းဟာ ရှုံးပွဲမရှိစံချိန်နဲ့ အမှတ်ပေးဇယား ထိပ်ဆုံးကနေ ဦးဆောင်နေပြီး ချန်ပီယံလိဂ်၊ ပရီးမီးယားလိဂ်၊ အက်ဖ်အေဖလား၊ ကာရာဘောင်ဖလားတို့မှာ အကောင်းဆုံး အခြေအနေ ရှိနေပါတယ်။
3 years Ago