ဆန်းချက်ဇ်ကို တပတ် ပေါင်သုံးသိန်းဖြင့် စာချုပ်သက်တမ်းတိုးရန် အာဆင်နယ်ကမ်းလှမ်း

August 11, 2017

ဆန်းချက်ဇ်ကို တပတ် ပေါင်သုံးသိန်းဖြင့် စာချုပ်သက်တမ်းတိုးရန် အာဆင်နယ်ကမ်းလှမ်း

အာဆင်နယ်အသင်းဟာ အဓိက ကစားသမားတဦးဖြစ်တဲ့ အလက်ဆစ်ဆန်းချက်ဇ်ကို စာချုပ်သက်တမ်းတိုးဖို့ တပတ်လုပ်ခ ပေါင် ၃ သိန်းနဲ့ ဒုတိယအကြိမ်မြောက် ကမ်းလှမ်းလိုက်ပါတယ်။ ဆန်းချက်ဇ်ဟာ ပထမအကြိမ် ပေါင် ၂ သိန်း ၂ သောင်းခွဲနဲ့ ကမ်းလှမ်းချက်ကို ပယ်ချထားပြီး ပီအက်စ်ဂျီ၊ မန်စီးတီး စတဲ့အသင်းတွေက ခေါ်ယူဖို့ ပစ်မှတ်ထားနေတာပါ။ ဆန်းချက်ဇ်ဟာ မနက်ဖြန်ကစားမယ့် လက်စတာစီးတီးအသင်းနဲ့ ပွဲစဉ်ကို ဒဏ်ရာရရှိနေလို့ လွဲချော်မှာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် အသင်းရဲ့ နောက်ထပ် အဓိက ကစားသမားတဦးဖြစ်တဲ့ အိုဇေးလ်ကိုလည်း ပေါင် ၂ သိန်း ၂ သောင်းခွဲနဲ့ စာချုပ်သက်တမ်းတိုးဖို့ နီးစပ်နေပါတယ်။ အာဆင်နယ်အသင်းကို ပြောင်းရွှေ့လိုနေတဲ့ လက်စတာစီးတီး ကွင်းလယ်ကစားသမား မာရက်ဇ်ကိုတော့ ခေါ်ယူသွားမှာ မဟုတ်ဘူးလို့ အာစင်ဝင်းဂါးက ယတိပြတ် ငြင်းဆိုခဲ့ပြီး ကစားသမားသစ်ခေါ်ယူဖို့ ရှိနေပေမယ့် လူအရင်လျှော့သွားမယ်လို့ ပြောကြားထားပါတယ်။
4 years Ago
Up