ဆန္ဒမဲပေး App

September 17, 2021

ရုရှားအစိုးရကို ဝေဖန်သူ အလက်ဇီနာဗယ်ညီ၏ ဆန္ဒမဲပေး App ဖယ်ရှားခံရ

ရုရှအစိုးကိုဝေဖန်သူ အလက်ဇီနာဗယ်ညီရဲ့ နည်းဗျူဟာကျကျ ဆန္ဒမဲပေးတဲ့ မိုဘိုင်း  အက်ပလီကေးရှင်းကို အမေရိကန်နိုင်ငံစုံလုပ်ငန်းစုကြီး Google နဲ့Apple တို့က သူတို့ရဲ့ အက်ပ်စတိုး၊ ပလေးစတိုးတွေကနေ ဖယ်ရှားလိုက်တယ်လို့ စက်တင်ဘာ ၁၇ ရက်က ပြောကြားလိုက်ပါတယ်။ 

ရုရှားအစိုးရက အမေရိကန်နည်းပညာကုမ္ပဏီတွေကို သူ့ရဲ့ပြည်တွင်းရေးတွေမှာ ၀င်ရောက်စွက်ဖက်တယ်လို့ စွပ်စွဲခဲ့ပြီးနောက်မှာ ခုလို မဲပေးလို့ရတဲ့ အက်ပလီကေးရှင်းကို ဖယ်ရှားလိုက်တာပါ။ 

ရုရှားပြည်သူတွေဟာ သုံးရက်တာကာလ ရွေးကောက်ပွဲကနေ ပါလီမန်အသစ်ကို ရွေးကောက်တင်မြှောက်ဖို့ မဲရုံတွေကို သွားနေကြပါတယ်။

ရုရှားအစိုးရကို ဝေဖန်သူတွေကို နှစ်ပေါင်းများစွာ အကြီးမားဆုံး ဖြိုခွင်းနှိမ်နင်းမှုတွေ လုပ်ခဲ့ပြီးနောက်မှာ လူကြိုက်များမှု ထိုးကျသွားပေမဲ့  အာဏာရ ယူနိုက်တက်ရုရှပါတီကတော့ အနိုင်ရဖို့ပဲ မျှော်လင့်ထားပါတယ်။

သမ္မတဗလာဒီမာပူတင်ရဲ့ အပြင်းထန်ဆုံး ပြည်တွင်းပြိုင်ဘက်ဖြစ်တဲ့ နာဗယ်ညီရဲ့ မဟာမိတ်တွေဟာ ယူနိုက်တက်ရုရှပါတီကို အလဲထိုးဖို့ နည်းဗျူဟာကျကျ မဲပေး မဲဆွယ် စည်းရုံးတဲ့ မိုဘိုင်းApp ကို အသုံးပြုဖို့ စီစဉ်ခဲ့ကြပါတယ်။ 

နှစ်ရက်အတွင်း သိပ်ကိုအရေးကြီးတဲ့ ရွေးကောက်ပွဲကို ဒူးမားပြည်နယ်မှာ စတင်ကျင်းပတော့မှာဖြစ်ပြီး ယူနိုက်တက်ရုရှပါတီက နောက်ထပ် ၅ နှစ် အာဏာကိုဆက်ယူထားဖို့ ကြိုးစားလိမ့်မယ်လို့ နာဗယ်ညီရဲ့ မဟာမိတ် လီယိုနစ် ဗိုလ်ကော့ဗ်က ပြောပါတယ်။ 

သူတို့သာ အာဏာဆက်ယူထားရင် တိုင်းပြည်ဟာ နောက်ထပ် ၅ နှစ် ဆင်းရဲဦးမယ်၊ နောက်ထပ် ၅ နှစ် နိုင်ငံရေးဖိနှိပ်မှု ခံရဦးမယ်၊ တိုင်းပြည်အတွက် နောက်ထပ် ၅ နှစ် ဆုံးရှုံးရဦးမယ်လို့လည်း ပြောပါတယ်။ 

“ဒါပေမဲ့ ငါတို့မှာ မျှော်လင့်ချက်ရှိပြီး ဒါကို ကာကွယ်ဖို့ ကိရိယာ တစ်ခုလည်းရှိတယ်။  အလက်ဇီနာဗယ်ညီရဲ့ အရေးအပါဆုံး နိုင်ငံရေးစီမံချက်ဖြစ်တဲ့ Smart voting စနစ်ပဲ”  လို့ နာဗယ်ညီရဲ့ ပြောရေးဆိုခွင့်ရှိသူ ကီရာယာမစ်ရှ်က ပြောပါတယ်။ 

ရုရှားဟာ Apple နဲ့Google တို့ကို သူတို့ရဲ့စတိုးတွေကနေ App ကို  ဖယ်ရှားပေးဖို့ အခုလမှာ တောင်းဆိုလိုက်ပြီး အဲဒါကို ဖယ်ပေးဖို့ ငြင်းဆန်ရင် လွှတ်တော်ရွေးကောက်ပွဲကို ၀င်ရောက်စွက်ဖက်မှုအဖြစ် သဘောထားရမယ်လို့ ပြောဆိုထားပါတယ်။ ဒါနဲ့ပတ်သက်လို့ Apple နဲ့Google တို့ကို မှတ်ချက်ပေးဖို့ တောင်းဆိုချက်တွေကို ချက်ချင်း မတုံ့ပြန်သေးပါဘူး။ 

1 month Ago
Up