ဆန္ဒမဲပေး

November 8, 2020

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ဆန္ဒမဲပေး

ရန်ကုန်တိုင်းဝန်ကြီးချုပ်  ဦးဖြိုးမင်းသိန်းဟာ ၂၀၂၀ ရွေးကောက်ပွဲအတွက် ဒီကနေ့ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ရွှေတောင်ကြား ၂ ရပ်ကွက်၊ လူမှုဝန်ထမ်းဦးစီးဌာန၊ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းရှိ  မဲရုံ အမှတ် (၃)မှာ လာရောက်မဲပေးသွားပါတယ်။  ကိုဗစ် - ၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး လမ်းညွှန်ချက်တွေနဲ့အညီ  လျှို့ဝှက်ဆန္ဒမဲပေးခဲ့တယ်လို့  ဝန်ကြီးချုပ်ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားဖော်ပြထားပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်  ဦးဖြိုးမင်းသိန်းဟာ ကျန်းမာရေးအခြေအနေကြောင့်  ၂၀၂၀ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခြင်းမရှိပါဘူး။   ဓာတ်ပုံ-YGN Chief Minister Office
6 months Ago

ကော့မှူးမြို့နယ်တွင် ဒေသခံပြည်သူများ ဆန္ဒမဲပေးနေကြသည့် မြင်ကွင်း (ဓာတ်ပုံ)

နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒနယ်ဖြစ်တဲ့ ရန်ကုန်တိုင်း ကောမှူးမြို့နယ်မှာ  ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၉၈,၀၀၀ ကျော်ရှိရာမှာ ဒီနေ့ မွန်းလွဲ ၂ နာရီအထိ ကြိုတင်မဲ ၁၄၀၀၀ ဝန်းကျင်အပါအဝင် မဲပေးခွင့်ရှိသူ ၇၀ ရာခိုင်နှုန်းမဲပေးပြီးဖြစ်တယ်လို့ မြို့နယ်ကော်မရှင်က ပြောပါတယ်။ ကော့မှူးမဲဆန္ဒနယ်မှာ ပါတီ ၉ ခုက ကိုယ်စားလှယ်လောင်း ၂၅ ဦး ၊ တသီးပုဂ္ဂလ ၄ ဦး စုစုပေါင်း ၂၉ ဦးဝင်ရောက်ယှဉ်ပြိုင်နေတာဖြစ်ပါတယ်။
6 months Ago

တာချီလိတ်တွင် ဆန္ဒမဲပေးနေကြသည့် ပလောင်တိုင်းရင်းသားများ (ဓာတ်ပုံ)

ထိုင်း-မြန်မာနယ်စပ်၊ ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(ခ) ကျေးရွာအုပ်စု၊ မဲရုံ ၁ မှာ ဒေသခံ  ပလောင်တိုင်းရင်းသားတွေ ၂၀၂၀ ရွေးကောက်ပွဲအတွက် လာရောက် ဆန္ဒမဲပေးခဲ့ကြပါတယ်။  Photo - MeKong News / MPA
6 months Ago

ကယားပြည်နယ်တဝန်း ဆန္ဒမဲပေး၊ မဲပေးပိုင်ခွင့်ရှိသူ ၂၁၂,၉၁၆ ဦးရှိ 

ကယားပြည်နယ်မှာ ၂၀၂၀ ရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးနေကြရာမှာ ပြည်နယ်တစ်ခုလုံးမှာ  မဲဆန္ဒရှင်ဦးရေ ၂၁၂,၉၁၆ ဦးရှိပြီး လွိုင်ကော်မြို့နယ်မှာ ၁၀၀,၂၆၇ ဦးနဲ့ အများဆုံး ဖြစ်တယ်လို့ သိရပါတယ်။ ဒီးမော့ဆိုမြို့နယ်မှာတော့ မဲဆန္ဒရှင်ဦးရေ ၅၆,၆၇၄ ဦး၊ ဖရူဆိုမြို့နယ်မှာ ၁၉,၉၅၃ ဦး၊ ရှားတောမြို့နယ်မှာ ၅,၆၂၈ ဦး၊ ဘောလခဲမြို့နယ်မှာ ၈,၂၀၇ ဦး ၊ ဖားဆောင်းမြိုနယ်မှာ ၁၆,၉၁၂ ဦးနဲ့ မယ်စဲမြို့နယ်မှာ ၅,၂၇၅ ဦး အသီးသီးရှိပါတယ်။ ကြိုတင်မဲ အခြေအနေကတော့  လွိုင်ကော် မြို့နယ်မှာ ၆,၃၄၃ ဦး၊ ဒီးမော့ဆိုမှာ  ၄,၇၅၃ ဦး ၊ ဖရူဆိုမှာ ၈၁၉ ဦး ၊ ဘောလခဲမှာ ၁,၁၃၅ ဦး ၊ ဖားဆောင်းမှာ ၁၂၁၈ ဦး ၊ မယ်စဲမှာ ၇၀၃ ဦး ၊ ရှားတောမှာ  ၂၆၆ ဦးရှိကြောင်း နေ့လယ် ၂ နာရီ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲကနေ သိရပါတယ်။ တပ်မတော်ကြိုတင်မဲတွေက ရှားတောမြို့နယ်မှာ ၃၃၈ မဲ၊ မယ်စဲမြို့နယ် ပန်းတိမ် (နယ်ခြားစောင့်တပ်) ကြိုတင်မဲ ၄၂၄ ၊ မယ်စဲတောင်ပိုင်းအထကမှာ ၈၈ မဲ ရှိပြီး ဒီအရေအတွက်တွေဟာ ပုံစံ ၃(က) နဲ့ လျှောက်ထားပြီး မဲပေးခဲ့တာလို့ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဆီကနေ သိရပါတယ်။
6 months Ago

ရွေးကောက်ပွဲနေ့ ဆန္ဒမဲပေးခဲ့ကြသည့် ရုပ်ရှင်၊ ဂီတအနုပညာရှင်တချို့(ဓာတ်ပုံ)

ဒီကနေ့ကတော့ မြန်မာနိုင်ငံသားအားလုံးအတွက် အရေးပါတဲ့ နေ့တနေ့ဖြစ်တဲ့ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ မဲပေးရမယ့် နေ့တနေ့ ဖြစ်ပြီး တနိုင်ငံလုံး ပြည်သူတွေနဲ့အတူ အနုပညာရှင်တွေကလည်း မဲရုံတွေကို တာဝန်သိသိ သွားရောက်မဲ ထည့်ခဲ့ကြတာကို တွေ့ရပါတယ်။ မဲရုံတွေကိုတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ မနက် ၆ နာရီကနေ ညနေ ၄ နာရီအထိ ဖွင့်လှစ်ထားမှာဖြစ်ပြီး တက်ကြွတဲ့ ပြည်သူတွေက မနက် ၅ နာရီလောက်ကတည်းက စောစောထ မဲပေးခဲ့ကြတာကိုလည်း တွေ့ရပြီး သူတို့ထဲမှာ ပြည်သူချစ်အနုပညာရှင်တွေလည်း ပါဝင်နေတာပါ။ သရုပ်ဆောင် ချစ်သုဝေနဲ့ လင်းလင်းတို့ ဇနီးမောင်နှံကတော့ “နိုင်တဲ့မဲတွေထဲက တမဲလေးဟာ ကိုယ့်မဲ ဖြစ်ဖို့ မနက်၅နာရီကတည်းကတန်းစီ မဲပေးခဲ့ပါသည်👍👍👍 ဒါပဲ 😎 ဦးနှောက်ကိုရော နှလုံးသားကိုရောမေးလို့ကတော့ အဖြေက တစ်ခုတည်းမို့လေ❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤”လို့ ရေးသားပြီး သူ့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်ကတဆင့် မျှဝေထားခဲ့တာကို တွေ့ရပါတယ်။ နှုတ်ခမ်းနီမလေးတို့ အသည်းစွဲအချစ်တော် သရုပ်ဆောင် ဒေါင်းကတော့ သူ့ရဲ့ ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန်ရက်ပေါ်မှာ“တို့လက်နဲ့ရွေးချယ်၊ မဲပေးမယ် #comment မှာ လက်သန်းလေးတွေပြကြမယ်”လို့ ရေးသားမျှဝေလာခဲ့တာပါ။ အဆိုတော် ပိုပိုကတော့ သရုပ်ဆောင် အလင်းရောင်နဲ့အတူ မဲပေးခဲ့တဲ့ ပုံတွေနဲ့အ တူ ဖေ့စ်ဘွတ်ခ်ပေါ်မှာ ခုလိုရေးသားပြီး ပရိသတ်တွေကို ကျီစယ်ပြီး မျှဝေထားခဲ့တာကို တွေ့ရပါတယ်။ “I Voted ️ မဲပေးပြီးပါပြီ… နိုင်ငံသား တယောက်ရဲ့ တာဝန်ကျေပါပြီရှင်… ဪ… ရွေးကောက်ပွဲမှာလဲ ဖူးစာ ဆုံခဲ့ပါပြီ… ရွေး ကောက်ပွဲ ဖူးစာပေါ့ 🙄️#popo #Myanmarelection2020” အမျိုးသမီး ရုပ်ရှင်ဒါရိုက်တာ ကြည်ဖြူသျှင်ကတော့ သူ့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန် ရက်ပေါ်ကတဆင့် ခုလိုရေးသားပြီး အမှတ်တရဓာတ်ပုံတချို့ကို မျှဝေထားခဲ့တာပါ။ “တာဝန်ကျေခဲ့ကြောင်း၊ ခိုင်လုံမှတ်တမ်း😂😂😂️ ကြည်ဖြူသျှင် ၈ - ၁၁ - ၂၀၂၀”        မြန်မာအိုင်ဒေါစတားဆုရှင် အဆိုတော် ဖြိုးမြတ်အောင်ကတော့ “မင်္ဂလာရှိသော နံနက်ခင်းလေးပါ… ကျန်းမာချမ်းသာကြပါစေ🙏🙏🙏️… တာဝန်ကျေခဲ့ပြီ မြန် မာနိုင်ငံသားတစ်ယောက်အနေနဲ့”လို့ ဖေ့စ်ဘွတ်ခ်ပေါ် ရေးသားပြီး မဲပေးပြီးကြောင်း မျှ ဝေလာခဲ့တာ ဖြစ်ပါတယ်။ ပရိသတ်အချစ်တော် သရုပ်ဆောင်မင်းသား ၂ လက်ဖြစ်ကြတဲ့ လူမင်းနဲ့ ရာဇာနေဝင်းတို့ရဲ့ မဲပေးမှုပုံရိပ်တွေကိုတော့ လူမင်းရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်ကနေ “8.11.2020 သမိုင်းပေးတာဝန်ကျေခဲ့ပြီ”လို့ ရေးသားပြီး မျှဝေထားခဲ့တာပါ။ နှုတ်ခမ်းနီမလေးတွေအသည်းစွဲ မြန်မာကေပေါ့ပ်အဆိုတော်အဖွဲ့တဖွဲ့ဖြစ်တဲ့ Project K အဖွဲ့က ဝီလျှံကတော့ သူ့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်ကတဆင့် ခုလိုရေး သားမျှဝေထားခဲ့တာကို တွေ့ရပါတယ်။ “ကိုယ်ချစ်တဲ့ ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးအတွက် နိုင်ငံသားတိုင်း မဖြစ် မနေ ပြုလုပ်သင့်တဲ့ တာဝန်တစ်ခုကို ကျွန်တော်ကတော့ ကျေပွန်စွာထမ်းဆောင်ခဲ့ပြီးပြီ ️🇲🇲 သင်ရော...? #VoteMM #Vote2020 #WilliamTun” စူစူလို့ ပရိသတ်တွေသိကြတဲ့ သရုပ်ဆောင်မင်းသမီး အိချောပိုကလည်း “မဲပေးခဲ့ ပြီးပြီ #suusuu”လို့ ဖေ့စ်ဘွတ်ခ်ပေါ်မှာ ရေးသားပြီး မဲပေးမှုအမှတ်တရပုံရိပ်တွေကို မျှဝေ ထားခဲ့ပါတယ်။ ပရိသတ်အချစ်တော် နာမည်ကြီးသရုပ်ဆောင်မင်းသား နေတိုးကတော့ သူ့ရဲ့ ဖေ့စ် ဘွတ်ခ်လူမှုကွန်ရက်ပေါ်မှာ ခုလိုရေးသားပြီး မဲပေးမှုအမှတ်တရပုံရိပ်တွေကို မျှဝေထားခဲ့ တာပါ။ “🌞နံနက်ခင်းအလင်းရောင်​တွေနဲ့အတူ အနာဂတ်နေ့ရက်များ​တောက်ပဖို့ အသဲကြားက​မဲတပြား📮အတွက် ...​နေတိုး” မြန်မာအိုင်ဒေါစတား တေးသံရှင်တယောက်ဖြစ်တဲ့ ချမ်းမြေ့မောင်ချိုကလည်း မိ ခင်ဖြစ်တဲ့ အဆိုတော် အိအိ၊ အစ်ကိုဖြစ်သူတို့နဲ့ သွားရောက်မဲပေးခဲ့ကြတဲ့ အမှတ်တရ ဓာတ်ပုံနဲ့အတူ “We VOTED ️”လို့ ရေးသားပြီး သူ့ရဲ့ ဖေ့စ်ဘွတ်ခ်ပေါ်မှာ မျှဝေလာခဲ့တာပါ။ နာမည်ကြီး မိတ်ကပ်ပညာရှင် အလှဖန်တီးရှင်တယောက်ဖြစ်တဲ့ ခင်စန်းဝင်းက တော့ “မနက် ၅ နာရီထ ၆ နာရီအရောက်သွားပြီး မဲပေးခဲ့ပြီ… နိုင်ငံသားတယောက်အ နေနဲ့တာဝန်ကျေခဲ့ပါပြီ”လို့ ရေးသားပြီး ဖေ့ဘွတ်ခ်ပေါ်မှာ မဲပေးမှုအမှတ်တရ ဓာတ်ပုံ တွေ မျှဝေထားခဲ့တာကို တွေ့ရပါတယ်။ မအေးသောင်းလို့ ပရိသတ်တွေ ချစ်စနိုးခေါ်ကြတဲ့ သရုပ်ဆောင်မင်းသမီး အေး ဝတ်ရည်သောင်းကတော့ သူ့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်မှာ “Hoping For Justice #vote2020”လို့ ရေးသားပြီး မိသားစုနဲ့ မဲပေးမှုအမှတ်တရပုံရိပ်တွေကို မျှဝေထားခဲ့တာ ဖြစ်ပါတယ်။
6 months Ago

မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်က မဲရုံတချို့ (ဓာတ်ပုံ)

ယာယီမဏ္ဍပ်တွေ ဆောက်ပြီး တလမ်းမှာ မဲရုံတရုံစီလုပ်ထားတာကြောင့် လူနည်းနေတာကို တွေ့ရပါတယ်။ မဲရုံတွေမှာလည်း ကျန်းမာရေးသတ်မှတ်ချက်တွေအတိုင်း ခပ်ခွာခွာတန်းစီ စောင့်ဆိုင်းဖို့ စီစဉ်ပေးထားပေမယ့် မဲရုံထဲမှာတော့ လူများသွားတာကြောင့် နီးကပ်နေတာကို တွေ့ရပါတယ်။
6 months Ago

ခန္တီးမြို့တွင် မဲဆန္ဒရှင်ပြည်သူများ ကိုဗစ်ကျန်းမာရေး စည်းကမ်းနှင့်အညီမဲပေး  

ခန္တီးမြို့ နားမေတ္တာမဲရုံမှာ ၂၀၂၀ ရွေးကောက်ပွဲအတွက် နိုဝင်ဘာ ၈ ရက်နေ့ မနက်က မဲဆန္ဒရှင်တွေ ဆန္ဒမဲပေးနေကြပါတယ်။ ရာနဲ့ချီနဲ့မဲဆန္ဒရှင်တွေဟာ မဲရုံမှာ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ကိုဗစ် စည်းကမ်းချက်များနဲ့အညီ လာရောက်မဲပေးနေကြပါတယ်။ ခန္တီးမြို့နယ်မှာ မဲရုံပေါင်း ၃၄ ရုံနဲ့ ဆန္ဒမဲပေးခွင့်ရှိသူ ၃၁,၃၈၄ ခန့်ရှိပြီး နိုင်ငံရေးပါတီ ၇ ပါတီမှ ကိုယ်စားလှယ်လောင်း ၃၉ ဦးက ဝင်ရောက်ယှဉ်ပြိုင်ကြပါတယ်။ အခု ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ မဲပေးကြသူတွေဟာ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲထက် မဲပေးသူ ၅၀၀ လောက် ပိုမိုများတယ်လို့ ခန္တီးမြို့ ရွေးကောက်ပွဲကော်မရှင်ရုံးက သိရပါတယ်။ ဆန္ဒမဲပေးသူတွေ စိတ်အေးချမ်းမြေ့စွာပေးနိုင်ဖို့ မဲရုံတွေတိုင်းမှာ လုံခြုံရေးကိုလည်း ရဲနဲ့ စေတနာ့ဝန်ထမ်းတွေက တာဝန်ယူထားပါတယ်။ သတင်း၊ ဓာတ်ပုံ- အောင်ဆန်းမြင့်
6 months Ago

မြောက်ဒဂုံမြို့နယ် ၃၇ ရပ်ကွက်တွင် ဆန္ဒမဲပေး (ဓာတ်ပုံ) 

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဒဂုံမြို့နယ် ၃၇ ရပ်ကွက်မှာ ၂၀၂၀ ရွေးကောက်ပွဲအတွက် ရပ်ကွက်နေ ပြည်သူတွေ ဒီကနေ့မနက်က မဲစတင်ပေးနေကြပါတယ်။  Photo - Ye Myo Khant / MPA
6 months Ago

အောင်မြေသာစံတွင် တပ်မတော်သားနှင့်မိသားစုဝင်များ ဆန္ဒမဲပေးနေသည့် မြင်ကွင်း (ဓာတ်ပုံ)

၂၀၂၀ ရွေးကောက်ပွဲအတွက် မန္တလေးမြို့ အောင်မြေသာစံမြို့နယ် နန်းတွင်းထဲက မဲရုံမှာ ဒီနေ့မနက်ပိုင်း တပ်မတော်သားနဲ့ တပ်မတော်သားမိသားစုဝင်တွေ မဲပေးနေကြပါတယ်။ မန္တလေးခရိုင် အောင်မြေသာစံမြို့နယ်မှာ တပ်သီးသန့်မဲရုံ ၅ ရုံရှိပါတယ်။ တပ်နဲ့ အရပ်ဘက် ပေါင်းထားတဲ့ မဲရုံကတော့ ၁၃ ရုံထိ ရှိပါတယ်။ အရင်ရွေးကောက်ပွဲတွေတုန်းက သက်ဆိုင်ရာ တပ်တွင်းမှာပဲ မဲရုံတွေထားပြီး ဒီနှစ်မှာတော့ တပ်မဲရုံတွေ တပ်အပြင်ထုတ်ထားတာဖြစ်ပါတယ်။ မန္တလေးခရိုင်မှာ မဲပေးခွင့်ရှိသူ ၁၂ သိန်းကျော်ရှိပြီး မဲရုံ စုစုပေါင်း ၆၇၉ ရုံ ရှိပါတယ်။ နိုင်လင်းဦး
6 months Ago

ပဲခူးမြို့ မဲရုံအမှတ် ၄ တွင် ဆန္ဒမဲပေးရန် တန်းစီစောင့်ဆိုင်းနေသည့် မြင်ကွင်း (ဓာတ်ပုံ)

၂၀၂၀ ရွေးကောက်ပွဲအတွက် ပဲခူးတိုင်းက မဲရုံတွေမှာ ဒီနေ့မနက်အစောပိုင်း မဲဆန္ဒရှင်တွေ စတင်မဲပေးနေကြပါတယ်။ ပဲခူးမြို့ မဇင်းရပ်ကွက် မဲရုံအမှတ် ၄ မှာ မဲဆန္ဒရှင်တွေ ဆန္ဒမဲပေးဖို့ တန်းစီစောင့်ဆိုင်းတဲ့ မြင်ကွင်း။ ဓာတ်ပုံ - အောင်စိုးမိုး
6 months Ago
More News
Up