ဆန္ဒဖော်ထုတ်

February 7, 2021

စစ်အာဏာရှင်ဆန့်ကျင်ရေး ပြည်သူနှင့်တသားတည်းရှိကြောင်း စီးပွားကူးသန်းဝန်ထမ်းများ ဆန္ဒဖော်ထုတ်

စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ပြည်သူနဲ့ တသားတည်းရပ်တည်ကြောင်း စီးပွားကူးသန်းဝန်ကြီးဌာနက ဝန်ထမ်းတွေက ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

စီးပွားကူးသန်းဝန်ကြီးဌာ် ဝန်ထမ်းတွေဟာ ပြည်သူနဲ့ တသားတည်းရပ်တည်နေပေမယ့် ဌာနတွင်းဖိနှိပ်မှုတွေ ခြိမ်းခြောက်မှု များစွာရှိနေတဲ့ CDM လှုပ်ရှားမှုပြုလုပ်ဖို့ အခက်အခဲရှိနေကြတယ်လို့ ဆိုပါတယ်။

ဒါကြောင့် အခုလို ဆန္ဒသဘောထားထုတ်ဖော် တင်ပြလိုက်ရတာဖြစ်ပြီး အကြမ်းမဖက် အာဏာဖီဆန်ရေး (CDM) လှုပ်ရှားမှုကို ဆက်လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။

စီးပွားကူးသန်း ဝန်ထမ်းတွေက စစ်အာဏာရှင်စနစ် အလိုမရှိ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ပို့ကုန်သွင်းကုန်ဥပဒေနဲ့ စွဲချက်တာထားတာကို ချက်ချင်း ပယ်ဖျက်ပေးဖို့နဲ့ ပြည်သူရွေးကောက်ခံအစိုးရထံမှ မတရားအာဏာရယူထားတဲ့အပေါ် ပြင်းပြင်းထန်ထန် ဆန့်ကျင်ရှုတ်ချကြောင်း စာသားတွေ ကိုင်ဆောင်ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

လတ်တလောမှာတော့ လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန၊ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနဲ့ အလုပ်သမားဝန်ကြီးဌာန၊ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ စာရင်းစစ်ချုပ်ရုံးက ဝန်ထမ်းတွေဟာ အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုမှာ ပါဝင်နေပြီ ဖြစ်ပါတယ်။

10 months Ago
Up