ဆန္ဒပြ ၃ ဦဂ ဖမ်းဆီးခံရ

February 19, 2021

မြစ်ကြီးနားတွင် ဆန္ဒပြ ဦးဇင်း ၁ ပါးအပါအဝင် ၃ ဦး ဖမ်းဆီးခံရ

ကချင်ပြည်နယ် မြစ်ကြီးနားမှာ စစ်အာဏာရှင်အလိုမရှိကြောင်း ဖေဖော်ဝါရီ ၁၈ ရက်နေ့ ဆန္ဒပြသူတွေထဲက ဦးဇင် ၁ ပါးအပါအဝင် ၃ ဦးကို တပ်မတော်က ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။ 

မနေ့မနက် ၁၀ နာရီကျော်လောက်က ဆမားလမ်းနဲ့ဆွမ်ပရာဘွမ်လမ်းထောင့် အထက (၁) နဲ့ အထက (၉) ကြားက ကျောက်စိမ်းတုံးအရှေ့နဲ့ မြန်မာ့စီးပွားရေးဘဏ်ရှေ့မှာ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်နေစဥ် စစ်တပ်နဲ့ ရဲတပ်ဖွဲ့က လာရောက်တားဆီးပိတ်ပင်မှုတွေ ပြုလုပ်ပြီး ဖမ်းဆီးခဲ့တာပါ။

ဒါ့အပြင် ည ၈ နာရီကနေ မနက် ၄ နာရီအတွင်း အပြင်မထွက်ဖို့၊ လူ ၅ ဦးထက်ပိုမစုဖို့ စစ်တပ်ကားကနေ လော်စပီကာတွေနဲ့ ဆန္ဒပြသူတွေကို ကြေညာခဲ့တယ်လို့ ဆန္ဒပြသူတဦးက ပြောပါတယ်။

မြစ်ကြီးနားမှာ ဖေဖော်ဝါရီ ၁၈ ရက်နေ့က ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့နဲ့စစ်တပ်က လောက်လေးခွနဲ့ ပစ်တာတွေရှိခဲ့ပြီး ဖေဖော်ဝါရီ ၁၄ ရက်နေ့ကလည်း မန်ခိန်ရပ်ကွက်မှာ ဆန္ဒပြ ပြည်သူတွေ သံပုံးတီးနေစဥ်၊ အချုပ်ကားတွေ၊ တင့်ကားတွေနဲ့ လာရောက်ပြီး သေနတ်ပစ်ဖောက်လူစုခွဲတာနဲ့ ရေကားတွေအသုံးပြု ဖြိုခွင်းတာ၊ မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်ဖြိုခွင်းခဲ့တာကြောင့် ဆန္ဒပြသူအချို့  ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

မီးမီး

9 months Ago
Up