ဆန္ဒပြအဖွဲ့

December 12, 2020

နယူးယောက်တွင် ဆန္ဒပြအဖွဲ့ ယာဉ်တိုက်မှုကြောင့် ၆ ဦး ဒဏ်ရာရ

အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ ဒီဇင်ဘာ ၁၁ ရက်က Black lives matter ဆန္ဒပြသူ တစုကို ကားတစ်စီး ဝင်တိုက်ခဲ့တာကြောင့် ဆန္ဒပြသူ ၆ ယောက် ဒဏ်ရာရပါတယ်။  ကားတိုက်မှုဟာ ညနေ ၄ နာရီအချိန် ၃၉ လမ်းနဲ့ တတိယရိပ်သာလမ်းထောင့်မှာ ဖြစ်ခဲ့တာပါ။ ဒဏ်ရာရသူ တစ်ဦးတလေမှ အသက်အန္တရာယ် မစိုးရိမ်ရသလို ဆန္ဒပြသူတွေကို တိုက်ခဲ့တဲ့ကားကလည်း အခင်းနေရာမှာ ရပ်နေတယ်လို့ ရဲတွေက ပြောပါတယ်။ NBC သတင်းမှာတော့ ဆန္ဒပြသူတွေက ကားကို ဝိုင်းပြီး ထုရိုက်ခဲ့တယ်လို့ ရဲတွေကို ကိုကားပြီး ဖော်ပြပါတယ်။  ဒါကြောင့် ယာဉ်မောင်းအမျိုးသမီးက ထိတ်လန့်ပြီး မောင်းပြေးရင်းက ဆန္ဒပြသူတွေကို ဝင်တိုက်ခဲ့တယ်လို့ ဆိုပါတယ်။  ကားပေါ်မှာ အမျိုးသမီးယာဉ်မောင်းနဲ့ ခရီးသည်အမျိုးသမီးတို့ လိုက်ပါလာပြီး သူတို့ကို ရဲတွေက မေးမြန်းနေပါတယ်။ ကားတိုက်မှု ဖြစ်ရတဲ့ အကြောင်းရင်းကို စုံစမ်းနေဆဲပဲလို့လည်း  NBC က ဖော်ပြထားပါတယ်။
1 year Ago
Up