ဆန္ဒပြသူ ၃၀၀

July 2, 2020

ဟောင်ကောင်တွင် ဆန္ဒပြသူ ၃၀၀ ကျော် ဖမ်းဆီးခံရ

ဟောင်ကောင်မှာ ဇူလိုင်လ ၁ ရက်က လူပေါင်း ထောင်ချီဆန္ဒပြခဲ့ပြီး  အဖမ်းခံရသူ အယောက် ၃၀၀ ကျော် ရှိခဲ့ပါတယ်။    Times Square  ရှော့ပင်းမောလ်အတွင်းနဲ့အပြင်ဘက်မှာ  ဟောင်ကောင်ရဲတွေက ဆန္ဒပြ သူတွေကို ငရုပ်ကောင်း စပရေးနဲ့ ဖျန်းပြီး ဖမ်းဆီးခဲ့တာပါ။  အဲဒီနောက်မှာ   ဖမ်းဆီးထားသူ တစ်ဒါဇင်ကျော်ကို ဘတ်စ်ကားနဲ့ ခေါ်သွားခဲ့ပါတယ်။ ဟောင်ကောင်အမျိုးသားလုံခြုံရေးဥပဒေသစ် ချိုးဖောက်တယ်လို့ သံသယရှိသူ  ၉ ယောက် အပါအဝင်  တရားမဝင် လူစုလူဝေးလုပ်မှုနဲ့ တခြား ပြစ်မှုတွေနဲ့  အယောက် ၃၀၀ ကျော်ကို ဖမ်းဆီးခဲ့တယ်လို့  ရဲတပ်ဖွဲ့ကိုကိုးကားပြီး ရိုက်တာသတင်းမှာ ရေးပါတယ်။ ဟောင်ကောင်အမျိုးသားလုံခြုံရေးဥပဒေသစ်အရ ပြည်မကြီး လုံခြုံရေးအေဂျင်စီတွေကို  ဟောင်ကောင်မှာ ပထမဆုံးအကြိမ် ရုံးဖွင့်ခွင့်ပြုပြီး ပြစ်မှုကျူးလွန်သူတွေကို  ပြည်မကြီးမှာ တရား စီရင်ဖို့ လွှဲပြောင်းခွင့်ပြုထားပါတယ်။
10 months Ago
Up