ဆန္ဒပြသူ အယောက် ၄၀၀

A d v e r t i s e m e n t With Us

January 2, 2020

နှစ်သစ်ကူးနေ့ ဆန္ဒပြသူ ၄၀၀ ခန့်ကို ဟောင်ကောင်ရဲဖမ်းဆီး

ဟောင်ကောင်မှာ နိုင်ငံတကာ နှစ်သစ်ကူးနေ့ ဇန်နဝါရီ ၁ ရက်က ချီတက်ပွဲတွေ ဖြစ်အပြီး ဟောင်ကောင်ရဲတွေဟာ ဆန္ဒပြသူ အယောက် ၄၀၀ လောက်ကို ဖမ်းဆီးခဲ့ပါတယ်။ ချီတက်ပွဲကို ဆန္ဒပြသူအယောက် ၁ သန်းလောက် ပူးပေါင်းခဲ့တယ်လို့ စီစဉ်သူတွေက ခန့်မှန်းပေမယ့် ရဲတွေကတော့ ဆန္ဒပြသူ ၆ သောင်းလောက်သာ တက်ခဲ့တာလို့ ပြောပါတယ်။ “အဓိကရုဏ်းသမားတချို့က ဓာတ်ဆီပုလင်းဗုံးတွေနဲ့ ကျနော်တို့ အရာရှိတွေကို ပစ်ခတ်လို့ ကျနော်တို့ အင်အား သုံးလိုက်ရတာပါ”လို့ ဟောင်ကောင် ရဲမှူးကြီး အန်းလော့ခ်ချွန်က ပြောပါတယ်။ တရုတ်အစိုးရအုပ်ချုပ်တဲ့ မြို့အတွင်း နောက်ထပ် လိုက်လျောပေးဖို့ လူအုပ်ကြီးတွေက အာဏာပိုင်တွေကို ဖိအားပေးခဲ့ကြအပြီးမှာ အများအားဖြင့် ငြိမ်းချမ်းတဲ့ ချီတက်ပွဲအတွင်း အကြမ်းဖက်မှု ပေါ်ပေါက်ခဲ့တာပါ။  ဝမ်ချိုင်းရပ်ကွက်ထဲမှာ ဆန္ဒပြသူတချို့က နံရံဆေးရေး ပန်းချီတွေကို မှုတ်ဆေးတွေနဲ့ ရေးဆွဲခဲ့ပြီး HSBC ဘဏ်ခွဲရဲ့ ငွေထုတ်စက်ကို ဖျက်ဆီးခဲ့လို့ အဓိကရုဏ်းနှိမ်နင်းရေးသမားတွေ ဝင်လာခဲ့ကြပါတယ်။  ရာချီတဲ့ ဆန္ဒပြသူတွေက လမ်းတွေကို ပိတ်ဆို့ထားပြီး မီးရှို့တာ၊ ဓာတ်ဆီပုလင်းဗုံးတွေနဲ့ ပစ်ခတ်တာတွေ လုပ်အပြီးမှာ ဟောင်ကောင်ကျွန်းရဲ့ ခရိုင်အတော်များများမှာ အခြေအနေ တင်းမာ နေပါတယ်။
1 year Ago
Up