ဆန္ဒပြသူများ ဖြိုခွင်းခံရ

February 9, 2021

မန္တလေး ဆန္ဒပြသူများ ဖြိုခွင်းခံရ

မန္တလေးမြို့ ၇၃ လမ်းနဲ့ ၃၈ လမ်းကြားမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြနေသူတွေကို ရဲတပ်ဖွဲ့က အဓိကရုဏ်းနှိမ်နင်းရေး ရေဖြန်းကားတွေ၊ မျက်ရည်ယိုဗုံးတွေ သုံးပြီး လူစုခွဲခဲ့တယ်လို့ သိရပါတယ်။

လူစုခွဲဖြိုခွင်းခဲ့တာကြောင့် ရဲတပ်ဖွဲ့ဝင်တွေနဲ့ ဆန္ဒပြပြည်သူတွေကြား ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့တာကြောင့် ရဲတပ်ဖွဲ့ဝင် တဦးနဲ့ ဆန္ဒပြသူတွေ ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

မန္တလေးမြို့ပေါ်မှာ လူငါးဦးနဲ့အထက် လူစုလူဝေးလုပ်ပြီး စီတန်းလှည့်လည်ဆန္ဒပြပါက အရေးယူမယ်လို့ မြို့နယ်အုပ်ချုပ်ရေးဦးစီးဌာနက ကြေညာထားပါတယ်။

Photo - MPA

10 months Ago
Up