ဆန္ဒပြသည့် ကျောင်းသားများ

February 5, 2021

စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသည့် ကျောင်းသားများကို ရုံးထုတ်

စစ်အာဏာရှင် ဆန့်ကျင်ရေး တောင်းဆို ဆန္ဒပြခဲ့လို့  ဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေကို ဒီကနေ့  ဖေဖော်ဝါရီ ၅ ရက်နေ့က  မန္တလေးမြို့ ချမ်းအေးသာဇံ မြို့နယ် တရားရုံးမှာ ရုံးထုတ် စစ်ဆေးပါတယ်။

စစ်အာဏာသိမ်းပြီးနောက် မ ဖေဖော်ဝါရီလ ၃ ရက်မနက်က မန္တလေးမြို့မှာ  ကျောင်းသားတွေက   စစ်အာဏာရှင် ဆန့်ကျင်ရေး တောင်းဆို ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။

အဆိုပါ ဆန္ဒထုတ်ဖော်မှုကြောင့် စောဥက္ကာဦး၊ ကိုမင်းညီညီကွန်း၊ ကိုရဲဝင်းထွန်းနဲ့ ကိုပြည့်စုံအောင်တို့ကို ဖမ်းဆီးပြီး ငြိမ်းစုစီ ပုဒ်မ(၁၉)၊ သဘာဝဘေးအန္တရာယ်ပုဒ်မ (၂၅)တို့နဲ့ တရားစွဲထားတာ ဖြစ်ပါတယ်။

Photo - MPA

2 years Ago
Up