ဆန္ဒပြလူအုပ်

September 25, 2020

လောစ့်အိန်ဂျလိစ်တွင် ဆန္ဒပြလူအုပ်ကို ကားဖြင့်တိုက်

အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့ စက်တင်ဘာ ၂၄ ရက်က  ဆန္ဒပြလူအုပ်ကို ဝင်တိုက်တဲ့ ကားတစီးကို ဆန္ဒပြသူတွေက  နောက်ကနေ ကားနဲ့လိုက်ပြီး တိုက်ခိုက်တဲ့ဖြစ်ရပ် ဖြစ်သွားခဲ့ပါတယ်။  တိုယိုတာပရီယပ်စ်ကားဖြူတစီးဟာ လူမည်းလှုပ်ရှားမှု ဆန္ဒပြသူတွေကို ဝင်တိုက်ဖို့ ကြိုးပမ်းခဲ့ပါတယ်။  ဒီလိုတိုက်ရာမှာ ထိခိုကိဒဏ်ရာရသူ မရှိပေမဲ့ ကားဟာ ထွက်ပြေးခဲ့ပြီး အဲဒီကားနောက်ကို  ပစ်ကပ်ကားတစီးက လိုက်ခဲ့ပါတယ်။  အဲဒီနောက် ပစ်ကပ်ကားဒရိုင်ဘာဟာ ကားဖြူရှေ့ကို ဖြတ်ဝင်ပြီး အထဲက ကားသမားကို ဆွဲထုတ်ဖို့ ကြိုးစားကြပြီးနောက် လူတစုက ကားဖြူကို ဝိုင်းတိုက်ခိုက်ကြပါတယ်။  အဲဒီလို ဝိုင်းတိုက်ခိုက်ရာကနေ ပရီးယပ်စ်ကားဖြူဟာ အရှိန်နဲ့ မောင်းပြေးခဲ့ပေမဲ့ သူ့နောက်ကို ရဲကားထပ်မံလိုက်လာပြိး ပရီးယပ်စ်ကားဒရိုင်ဘာကို ဖမ်းဆီးခဲ့ပါတယ်။  သူဝင်တိုက်ခဲ့တဲ့ ဆန္ဒပြလူအုပ်ဟာ  လူဝီဗေးလ်မြို့က လူမည်းအမျိုးသမီး ဘရီယွန်နာတေလာ သေဆုံးမှုနဲ့ ပတ်သက်လို့ ဂျူရီအဖွဲ့ ချမှတ်တဲ့ ဆုံးဖြတ်ချက်ကို မကျေနပ်လို့ ဆန္ဒပြကြသူတွေ ဖြစ်တယ်လို့ ရိုက်တာက ဖော်ပြပါတယ်။
1 year Ago

June 1, 2020

အမေရိကန်တွင် ဆန္ဒပြလူအုပ်ထဲ လောင်စာဆီတင်ကား မောင်းဝင်၊ ဒရိုင်ဘာကို ဆွဲချရိုက်နှက်

အမေရိကန်နိုင်ငံ မင်နီဆိုးတားပြည်နယ် မီနီယာပိုလစ်မြို့မှာ ဆန္ဒပြလူအုပ်ထဲကို လောင်စာ ဆီတင် ကုန်ကားတစီး မေလ ၃၁ ရက်က မောင်းဝင်သွားခဲ့လို့ ယာဉ်မောင်းကို ကားပေါ်က ဆွဲချ ရိုက်နှက်ခဲ့ကြတယ်လို့ သိရပါတယ်။ အမေရိကန်ရဲ့ အဓိကမြို့ကြီးတွေမှာ ညမထွက်ရ ကာဖျူးအမိန့် ထုတ်ထားရပါတယ်။ ယာဉ်မောင်းရဲ့ အင်မတန် စိတ်အနှောင့်အယှက်ဖြစ်စရာ လုပ်ရပ်ဟာ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြသူတွေကို သွေးထိုးပေးသလို ဖြစ်ခဲ့တယ်လို့ မီနီယာ ပိုလစ်မြို့ ပြည်သူ့ဘေးကင်းရေးဌာနက တွစ်တာလူမှုကွန်ရက်ပေါ်မှာ ရေးပါတယ်။ “ကုန်ကားမောင်းသူဟာ အသက်ဘေး မစိုးရိမ်ရတဲ့ ဒဏ်ရာတွေရခဲ့လို့ ဆေးရုံကို ခေါ်သွား ပြီးပြီ၊ သူ့ကို ဖမ်းထားတယ်၊ ဆန္ဒပြသူတွေကို ကားတိုက်မိပုံတော့ မရဘူး” လို့ ရေးပါတယ်။  လူမည်း အမျိုးသား ဂျော့ချ် ဖလွိုက်ဒ် ရဲ့ လည်ပင်းပေါ် လူဖြူ ရဲအရာရှိ တယောက်က ဒူးနဲ့ ထောက်ခဲ့အပြီး လူမည်း သေဆုံးခဲ့လို့ အဲဒီရဲကို ဖမ်းဆီးအရေးယူထားပြီးပေမယ့် အမေရိကန် နိုင်ငံတလွှား မြို့အတော်များများမှာ ရဲဆန့်ကျင်ရေး အကြမ်းဖက်ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့တာပါ။
1 year Ago
Up