ဆန္ဒပြလူထု

March 9, 2021

ညောင်လေးပင်မြို့ ဆန္ဒပြလူထုကို စစ်တပ်နှင့်ရဲက အ​ကြမ်းဖက်ပစ်ခတ်ဖြိုခွင်း

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့မှာ မတ်လ ၉ ရက် မနက် ၁၀ နာရီ ကျော်က ဆန္ဒပြ ပြည်သူတွေကို စစ်တပ်နဲ့ရဲက သေနတ်နဲ့ပစ်ခတ်ကာ အ​ကြမ်းဖက်​ဖြိုခွဲခဲ့တယ် ဒေသခံတွေက ပြောပါတယ်။

ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေရဲ့အ​နောက်ကို စစ်တပ်နဲ့ရဲက  လိုက်လာကာ အနည်းဆုံး သေနတ် ၁၀ ချက်လောက် ပစ်ခတ်ပြီး အ​ကြမ်းဖက်ဖြိုခွဲခဲ့တာ ဖြစ်ပါတယ်။

ပစ်ခတ်မှုကြောင့် ဆန္ဒ​ပြသူတွေ ဒဏ်ရာရ၊ မရ မသိရှိသေးပေမယ့် ဆန္ဒပြသူတချို့ ​မြို့မ (၁) ရပ်ကွက် ကန်​တော်ဦးလမ်းဘက်မှာ ပိတ်မိနေတာတွေ ရှိနေတယ်လို့ ဆန္ဒပြရာမှာ ပါဝင်တဲ့ လူငယ်တွေက ပြောပါတယ်။

ညောင်လေးပင်မြို့မှာ မတ်လ ၇ ရက်နေ့ညက လမ်းပေါ်ထွက် ဆန္ဒပြရင် အကြမ်းဖက်ဖြိုခွဲရမယ်လို့ ရဲတပ်ဖွဲ့က သတိပေးကြေညာထားပါတယ်။

​ရဲကားတွေ ၊ စစ်ကားတွေနဲ့ ​မြို့အတွင်း လှည့်လည်ဆန္ဒပြရာမှာ ဦးဆောင်သူတွေနဲ့ သတင်းသမားတွေကို လိုက်လံဖမ်းဆီးတာတွေလည်း ပြုလုပ်နေပါတယ်။

2 years Ago
Up