ဆန္ဒပြမှု

A d v e r t i s e m e n t With Us

October 22, 2020

ဘန်ကောက်တွင် ဆန္ဒပြမှုများကြောင့် ထုတ်ပြန်ခဲ့သည့် အရေးပေါ်အခြေအနေ ပြန်ရုပ်သိမ်း

ထိုင်းနိုင်ငံ ဘန်ကောက်နယ်မြေထဲမှာ ပြီးခဲ့တဲ့အပတ်က ဆန္ဒပြပွဲ ပြင်းထန်ပြီး ထီးနန်းကိုပါ ထိပါးခဲ့လို့ အစိုးရက  ဆိုးရွားတဲ့ အရေးပေါ်အခြေအနေတရပ် ကြေညာခဲ့ပါတယ်။  အခုနေခါမှာ  အခြေအနေကို ထိန်းချုပ်နိုင်ပြီဖြစ်လို့  ပြီးခဲ့တဲ့ အောက်တိုဘာ ၁၅ ရက်နဲ့ ၁၆ ရက်နေ့တွေက ထုတ်ပြန်ခဲ့တဲ့ အဆိုပါ အရေးပေါ်အခြေအနေကို  အောက်တိုဘာ ၂၂ ရက် မွန်းတည့် ၁၂ နာရီကစပြီး လာမယ့် နိုဝင်ဘာလ ၁၃ ရက်နေ့ထိ ရုပ်သိမ်းလိုက်တယ်လို့ ဝန်ကြီးချုပ်ပရယုဒ် ကျန်အိုးချားလက်မှတ်နဲ့  ထိုင်းအစိုးရပြန်တမ်းက ဒီနေ့မနက် ထုတ်ပြန်ကြေညာခဲ့တာပါ။ ကြေညာချက်မထွက်ခင် အောက်တိုဘာ ၂၁ ညနေပိုင်းကလည်း ထိုင်းဝန်ကြီးချုပ်က ပြည်သူတွေကို ထိပ်တိုက်ဖြစ်ပွားနေတာတွေ ရပ်တံ့ပြီး တိုင်းပြည်မှာဖြစ်နေတဲ့ ပြဿနာကို ဆွေးနွေးညှိနှိုင်းခြင်းနဲ့ အဖြေရှာဖို့၊ လာမယ့် အောက်တိုဘာ ၂၆  နဲ့ ၂၇ ရက်နေ့တွေမှာ  အရေးပေါ်လွှတ်တော် အစည်းအဝေးကျင်းပမယ်လို့  မိန့်ခွန်းပြောကြားခဲ့ပါတယ်။   ထိုင်းနိုင်ငံမှာ လက်ရှိဝန်ကြီးချုပ်နုတ်ထွက်ပေးရေး၊ နန်းတွင်းဥပဒေအချို့အပါအဝင် အခြေခံ ဥပဒေပြင်ဆင်ရေး၊ အမြင်မတူမှုအပေါ်နှိပ်ကွပ်နှိမ်နင်းမှုတွေ ရပ်တံ့ရေး၊ လွှတ်တော်ဖျက်သိမ်းရေးတွေအတွက် ကျောင်းသားအများစုပါတဲ့ ပြည်သူတွေ ဆန္ဒပြနေကြတာ ၂ လကျော်ခဲ့ပြီဖြစ်ပါတယ်။  ပြီးခဲ့တဲ့ အောက်တိုဘာ ၁၅ ရက်နေ့ကတော့ ခါတိုင်းထက် လူအင်အားပိုများပြီး ဆန္ဒပြ နယ်မြေတွေလည်း ပိုကျယ်ပြန့်ခဲ့ပါတယ်။ အဲဒီနေ့ဟာ လွန်ခဲ့တဲ့ ၄၇ နှစ်က ထိုင်းနိုင်ငံမှာ အာဏာ ရှင်စနစ်တိုက်ဖျက်ရေး နဲ့ ဒီမိုကရေစီစနစ်ပေါ်ပေါက်ရေးအတွက်  လူပေါင်း ၅ သိန်းကျော် ပါဝင်တဲ့ ဆန္ဒပြမှုဖြစ်ပွားခဲ့ပြီး  အာဏာပိုင်တွေရဲ့ နှိမ်နင်းမှုကြောင့် လူပ ၇၇ ဦးသေဆုံးကာ ၈၅၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့တဲ့ သမိုင်းဝင်နေ့ဖြစ်ပါတယ်။  အဲဒီနေ့က ဆန္ဒပြသူတွေဟာ ဘန်ကောက်လမ်းဆုံလမ်းခွ အတော်များများမှာ နေရာယူပိတ်ဆို့ပြီး လက်သုံးချောင်းထောင်ကာ တောင်းဆိုဆန္ဒပြခဲ့ပါတယ်။ ရဲအင်အား ၅၀၀ ကျော်က  ပိတ်ဆို့တဲ့လမ်းတွေ ပြန်ဖွင့်ဖို့ကြိုးစားရင်း ထိတ်တိုက်တွေ့တာ ရှိခဲ့ပါတယ်။  ဒါ့အပြင် ကထိန်ခင်းဖို့ သွားမယ့် ဘုရင့်မိဖုရားယာဉ်တန်းပါ ပိတ်ဆို့ခံရသလို ဖြစ်သွားပါတယ်။  ရဲက ဆန္ဒပြသူတွေကို ဓာတုဆိုးဆေးပါ အရည်‌တွေ ပက်ဖျန်းပြီး လူစုခွဲရသလို ဆန္ဒပြခေါင်းဆောင် ၂၀ ကျော်လည်း ဖမ်းဆီးအရေးယူခံထားရပါတယ်။  အဲဒီနောက် ဝန်ကြီးချုပ်က ဘန်ကောက်မှာ ဆိုးရွားတဲ့ အရေးပေါ်အခြေအနေ တရပ်ကြေညာပြီး လူစုလူဝေးမလုပ်ရဘူးလို့ အမိန့်ထုတ်ခဲ့ပါတယ် ။  ဒါပေမဲ့ ဆန္ဒပြမှုတွေကတော့ မနေ့ကအထိ ရှိနေဆဲပါ။ တဘက်ကလည်း ဘုရင့်ထီးနန်းထိပါးလာမှာကို မလိုလားတဲ့အဖွဲ့ကလည်း တန်ပြန်ဆန္ဒပြမှုတွေ ရှိနေပါတယ်။ 
3 months Ago

May 17, 2020

စပိန်တွင် အရေးပေါ်အခြေအနေ ဇွန်လကုန်ထိ သက်တမ်းတိုးရန် စီစဉ်

အစိုးရဆန့်ကျင်ရေးဆန္ဒပြမှုတွေ ဖြစ်နေပေမဲ့ စပိန်အစိုးရဟာ ကိုရိုနာဗိုင်းရပ်စ်အရေးပေါ် အခြေအနေသက်တမ်းကို ဇွန်လကုန်အထိ နောက်ဆုံးအကြိမ် တိုးမြှင့်သွားဖို့ နည်းလမ်း ရှာဖွေနေပါတယ်။  ဝန်ကြီးချုပ် ပက်ဒရိုဆန်းချက်ဇ်က သူ့အနေနဲ့ ဇွန်လကုန်အထိ အရေးပေါ် အခြေအနေ ကြေညာချက် သက်တမ်းတိုးဖို့ကို လွှတ်တော်ကို တောင်းဆိုသွားမယ်လို့ ပြောပါတယ်။  စပိန်ဟာ ပထမဆုံး အရေးပေါ်အခြေအနေကြေညာချက်ကို မတ် ၁၄ ရက်မှာ ထုတ်ပြန်ခဲ့ တာပါ။  အာဏာပိုင်တွေက ကပ်ဘေးပြန့်ပွားမှုကို ထိန်းချုပ်နိုင်ပြီဆိုပေမယ့် ကန့်သတ်ချက် လော့ဒေါင်းတွေကိုတော့ တဆင့်ချင်း ဖြေလျှော့ပေးတဲ့အဆင့်မှာ ဆက်လက်ထားရှိသင့်တယ်လို့ ဆိုပါတယ်။ စပိန်ဟာ အီတလီကို ကျော်လွန်ပြီး ဥရောပမှာ COVID-19 အတည်ပြုလူနာ အများဆုံးနိုင်ငံ ဖြစ်ပါတယ်။  မေ ၁၇ ရက် စာရင်းအရ အတည်ပြုလူနာ ၂၇၆,၀၀၀ ကျော်နဲ့ သေဆုံးသူ ၂၇,၀၀၀ ကျော်ရှိတယ်လို့ ရိုက်တာသတင်းက ရေးသားထားပါတယ်။
9 months Ago
More News
Up