ဆန္ဒပြပွဲများတွင်

October 29, 2019

အီရတ်နိုင်ငံ ဆန္ဒပြပွဲများတွင် ၁ လအတွင်း လူ ၂၃၀ ကျော်သေဆုံး 

အီရတ်နိုင်ငံအတွင်း တကျော့ပြန် ဆန္ဒပြပွဲတွေမှာ ဆန္ဒပြသူတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ၊ ပြည်သူ့စစ်တွေ  ပဋိပက္ခဖြစ်ခဲ့ပြီး အောက်တိုဘာလ ၂၄ ရက်နဲ့ ၂၆ ရက်မှာ လူပေါင်း ၇၄ ယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။ အခု အောက်တိုဘာလ တလထဲမှာပဲ  အီရတ် ဆန္ဒပြပွဲတွေမှာ သေဆုံးသူ ၂၃၁ ယောက်ဝန်းကျင် ရှိသွားပါပြီ။ အောက်တိုဘာလ ၂၇  ရက်နေ့က အီရတ်လူငယ်တွေဟာ မြို့တော် ဘဂ္ဂဒက်က အစိမ်းရောင်နယ်မြေဆီသွားရာ တံတားမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို အာခံပြီး အရံအတားတွေ လုပ်ကြပါတယ်။ လုံခြုံရေး တပ်ဖွဲ့ဝင်တွေကလည်း သူတို့ကို မျက်ရည်ယိုဗုံးတွေနဲ့ အဆက်မပြတ် ပစ်ပေါက်ကြပြီး ၇၇  ယောက် ဒဏ်ရာရတယ်လို့ ဆေးဘက်ဝန်ထမ်းတွေက ပြောပါတယ်။  ထောင်နဲ့ချီတဲ့ အီရတ်ပြည်သူတွေဟာ သွေးထွက်သံယို ဖြိုခွင်းတာတွေကို အာခံပြီး ဆက်လက်ဆန္ဒပြနေတာကို  ရိုက်တာသတင်းမှာ မြင်တွေ့ရပါတယ်။
2 years Ago

September 20, 2019

ဆန္ဒပြပွဲများတွင် မလျော်မကန် အင်အားသုံးခဲ့သည့် ဟောင်ကောင်ရဲတပ်ဖွဲ့ ဝေဖန်ခံရ

ဟောင်ကောင်ဆန္ဒပြပွဲတွေမှာ ရဲတပ်ဖွဲ့ မလျော်မကန် အင်အားသုံးပြုတဲ့အပေါ် နိုင်ငံတကာ လွတ်ငြိမ်းချမ်းခွင့်အဖွဲ့က စက်တင်ဘာ ၁၉ ရက်မှာ ပြစ်တင် ရှုတ်ချလိုက်ပါတယ်။     ၃ လကြာ ဒီမိုကရေစီထောက်ခံဆန္ဒပြပွဲတွေမှာ ရဲတပ်ဖွဲ့က ဆန္ဒပြသူတွေအပေါ် ညှဉ်းပန်းနှိပ်စက်တယ်လို့ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က စွပ်စွဲလိုက်ပေမယ့် ဟောင်ကောင် ရဲတပ်ဖွဲ့ကတော့ သူတို့ဟာ  ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ခဲ့တယ်ဆိုပြီး ပြောထားပါတယ်။  အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေဟာ အနက်ရောင် အဝတ်အစားတွေဝတ်ပြီး ရဲတပ်ဖွဲ့နဲ့ အစိုးရရုံးအဆောက်အဦတွေကို ဓာတ်ဆီဗုံးတွေနဲ့ ပစ်ခဲ့ပါတယ်။   ရဲတပ်ဖွဲ့ကလည်း  ဆန္ဒပြသူတွေကို မျက်ရည်ယိုဓာတ်ငွေ့၊  ရေအမြောက်၊ ရာဘာကျည်နဲ့ ကျည်အစစ်တွေ လေထဲပစ်ဖောက်ပြီး  တုံ့ပြန်ခဲ့ပါတယ်။   အဲဒါကို နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က သီတင်းနှစ်ပတ်ကြာ စုံစမ်းရေး ပြုလုပ်ခဲ့တယ်လို့ အဖွဲ့ရဲ့ အရှေ့အာရှ ဒါရိုက်တာ  နီကိုးလပ်စ်ဘီကိုလင်က ပြောပါတယ်။    အဲဒီလို စုံစမ်းရာမှာ ဖမ်းဆီးထားသူတွေအပေါ် စည်းကမ်းချိုးဖောက်တာတွေ၊ ရဲတပ်ဖွဲ့ မလျော်မကန် အင်အားသုံးတာတွေနဲ့ ဖမ်းဆီးထားသူတွေကို နှိပ်စက်တာတွေကို  တွေ့ရတယ်လို့ သူကပြောပါတယ်။   ဟောင်ကောင်အစိုးရအနေနဲ့ ဆန္ဒပြသူတွေနဲ့ တွေ့ဆုံဆွေးနွေးပြီး ရဲတပ်ဖွဲ့အင်အား အလွန်အကျွံ သုံးတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို  သီးခြားစုံစမ်းရေးလုပ်ဖို့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့က တိုက်တွန်းထားပါတယ်။ ================== ဆႏၵျပပြဲမ်ားတြင္ မေလ်ာ္မကန္ အင္အားသုံးခဲ့သည့္ ေဟာင္ေကာင္ရဲတပ္ဖြဲ႕ ေဝဖန္ခံရ DVB ေဟာင္ေကာင္ဆႏၵျပပြဲေတြမွာ ရဲတပ္ဖြဲ႕ မေလ်ာ္မကန္ အင္အားသုံးျပဳတဲ့အေပၚ ႏိုင္ငံတကာ လြတ္ၿငိမ္းခ်မ္းခြင့္အဖြဲ႕က စက္တင္ဘာ ၁၉ ရက္မွာ ျပစ္တင္ ရႈတ္ခ်လိုက္ပါတယ္။ ၃ လၾကာ ဒီမိုကေရစီေထာက္ခံဆႏၵျပပြဲေတြမွာ ရဲတပ္ဖြဲ႕က ဆႏၵျပသူေတြအေပၚ ညႇဥ္းပန္းႏွိပ္စက္တယ္လို႔ လြတ္ၿငိမ္းခ်မ္းသာခြင့္အဖြဲ႕က စြပ္စြဲလိုက္ေပမယ့္ ေဟာင္ေကာင္ ရဲတပ္ဖြဲ႕ကေတာ့ သူတို႔ဟာ  ထိန္းထိန္းသိမ္းသိမ္း ေဆာင္႐ြက္ခဲ့တယ္ဆိုၿပီး ေျပာထားပါတယ္။ အစိုးရဆန႔္က်င္ေရး ဆႏၵျပသူေတြဟာ အနက္ေရာင္ အဝတ္အစားေတြဝတ္ၿပီး ရဲတပ္ဖြဲ႕နဲ႔ အစိုးရ႐ုံးအေဆာက္အဦေတြကို ဓာတ္ဆီဗုံးေတြနဲ႔ ပစ္ခဲ့ပါတယ္။ ရဲတပ္ဖြဲ႕ကလည္း  ဆႏၵျပသူေတြကို မ်က္ရည္ယိုဓာတ္ေငြ႕၊  ေရအေျမာက္၊ ရာဘာက်ည္နဲ႔ က်ည္အစစ္ေတြ ေလထဲပစ္ေဖာက္ၿပီး  တုံ႔ျပန္ခဲ့ပါတယ္။ အဲဒါကို ႏိုင္ငံတကာလြတ္ၿငိမ္းခ်မ္းသာခြင့္အဖြဲ႕က သီတင္းႏွစ္ပတ္ၾကာ စုံစမ္းေရး ျပဳလုပ္ခဲ့တယ္လို႔ အဖြဲ႕ရဲ႕ အေရွ႕အာရွ ဒါ႐ိုက္တာ  နီကိုးလပ္စ္ဘီကိုလင္က ေျပာပါတယ္။ အဲဒီလို စုံစမ္းရာမွာ ဖမ္းဆီးထားသူေတြအေပၚ စည္းကမ္းခ်ိဳးေဖာက္တာေတြ၊ ရဲတပ္ဖြဲ႕ မေလ်ာ္မကန္ အင္အားသုံးတာေတြနဲ႔ ဖမ္းဆီးထားသူေတြကို ႏွိပ္စက္တာေတြကို  ေတြ႕ရတယ္လို႔ သူကေျပာပါတယ္။ ေဟာင္ေကာင္အစိုးရအေနနဲ႔ ဆႏၵျပသူေတြနဲ႔ ေတြ႕ဆုံေဆြးေႏြးၿပီး ရဲတပ္ဖြဲ႕အင္အား အလြန္အကြၽံ သုံးတယ္ဆိုတဲ့ စြပ္စြဲခ်က္ေတြကို  သီးျခားစုံစမ္းေရးလုပ္ဖို႔ ႏိုင္ငံတကာ လူ႔အခြင့္အေရးအဖြဲ႕က တိုက္တြန္းထားပါတယ္။
2 years Ago
Up