ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဟောင်ပါးကျေးရွာအုပ်စု တာမခံမြို့သစ်မှာ စစ်အာဏာရှင်အလိုမရှိကြောင်းနဲ့ စစ်ကျွန်ပညာရေး အလိုမရှိကြောင်း ဆန္ဒဖော်ထုတ်ခဲ့ကြတဲ့ ကျောင်းသားလူငယ်တွေနဲ့ ပြည်သူတွေကို ဇွန်လ ၃ ရက် ဒီနေ့မနက်ပိုင်းက ရဲနဲ့ စစ်တပ်က ကားနဲ့တိုက်ပြီး ဖြိုခွဲခဲ့တယ်လို့ ဆန္ဒပြရာမှာ ပါဝင်သူတွေက ပြောပါတယ်။
ကားနဲ့ဝင်တိုက်ပြီး ဖြိုခွဲခဲ့ပေမဲ့ အချိန်မှီလူစုခွဲနိုင်တာကြောင့် အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိသူတွေတော့မရှိခဲ့ဘူးလို့သိရပါတယ်။
တာမခန်မြို့သစ်မှာ စစ်အာဏာသိမ်းပြီးချိန်ကတည်းက စစ်အာဏာရှင်အလိုမရှိကြောင်းကို ဒေသခံပြည်သူတွေ နေ့စဉ်လိုလိုဆန္ဒပြနေကြတာဖြစ်ပါတယ်။
စစ်ကိုင်းတိုင်း ကလေးမြို့၊စမ်းမြို့ရပ်ကွက်မှာ အကြမ်ဖက်စစ်တပ်နဲ့ရဲတွေက စစ်အာဏာရှင် ဖြုတ်ချရေး ဆန္ဒပြပွဲပါဝင်သူ လေးယောက်ကို ဧပြီ ၂၁ ရက်က ဖမ်းဆီးသွားတယ်လို့ ကလေးမြို့ခံ တွေက ပြောပါတယ်။
“မနေ့က ညနေ ၃ နာရီအချိန် စမ်းမြို့ရပ်ကွက်နေအိမ်တွေမှာ အကြမ်းဖက် စစ်တပ်နဲ့ရဲတွေ က အင်အားအများအပြားနဲ့ လာရောက် ဖမ်းဆီးသွားတယ်” လို့ ဒေသခံ တစ်ဦးက ဆိုပါတယ်။
အကြမ်းဖက် စစ်တပ်နဲ့ရဲတွေက ဆန္ဒပြရာမှာ ပါဝင်သူတွေနဲ့ပတ်သက်ပြီး ရပ်ကွက်နေအိမ် တွေကို ရှာဖွေခဲ့တာပါ။
ကလေးမြို့မှာ အကြမ်းဖက်စစ်အုပ်စုကြောင့် သေဆုံးသူ ၂၈ ဦး ထိရှိလာပြီဖြစ်ပေမဲ့ အာဏာရှင်ဖြုတ်ချနိုင်ဖို့ နေ့စဉ်ဆက်လက်ဆန္ဒပြနေကြပါတယ်။