ဟောင်ကောင်အစိုးရကို ဆန့်ကျင်ဆန္ဒပြတဲ့ တက်ကြွလှုပ်ရှားသူ နောက်ထပ် ၈ ယောက်ကို ဒီဇင်ဘာလ ၈ ရက်မှာ ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။
ဒါဟာ မကြာသေးခင်ကာလအတွင်း အစိုးရအတိုက်အခံ အင်အားစုတွေအပေါ်မှာ အာဏာပိုင်တွေရဲ့ မနားတမ်းဖြိုခွင်းမှုတွေထဲက တစ်ခု ဖြစ်ပါတယ်။
ရဲတပ်ဖွဲ့က အဖမ်းခံရသူတွေ ဘယ်သူဘယ်ဝါဆိုတာ ထုတ်မပြောဘဲ အသက် ၂၄ နှစ်ကနေ ၆၄ နှစ်ကြားရှိသူတွေ ဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီထဲမှာ ဒီမိုကရေစီထောက်ခံသူ လွှတ်တော်အမတ်ဟောင်း လျောင်ကို့ဟောင်လည်း ပါဝင်တယ်လို့ ဒေသမီဒီယာက ဖော်ပြထားပါတယ်။
ဒါဟာ ပြီးခဲ့တဲ့လက တက္ကသိုလ်ဝင်းမှာ ခဏတာ ဆန္ဒပြတာနဲ့ပတ်သက်ပြီး အမျိုးသားလုံခြုံရေးဥပဒေချိုးဖောက်တဲ့ သံသယနဲ့ လူ ၃ ယောက် အပါအဝင် အသက် ၁၆ နှစ်ကနေ ၃၄ နှစ်အကြား လူ ၈ ယောက်ကို ဖမ်းဆီးခဲ့ပြီး နောက်တစ်နေ့မှာပဲ ဒုတိယအကြိမ် ဖမ်းဆီးတာပါ။
ဟောင်ကောင်မှာ အမျိုးသားလုံခြုံရေးဥပဒေ ပြဋ္ဌာန်းပြီးနောက်ပိုင်း ပေါ်ပေါက်လာတဲ့ ဆန္ဒပြပွဲတွေကနေ လူ ၃၀၀ ကျော် အဖမ်းခံခဲ့ရတယ်လို့ ရိုက်တာက ရေးသားပါတယ်။
4 months Ago