ဆန္ဒပြကျောင်းသားများ

A d v e r t i s e m e n t With Us

January 7, 2020

ဆန္ဒပြကျောင်းသားများနှင့် အိန္ဒိယရဲတပ်ဖွဲ့ ပဋိပက္ခဖြစ်

အိန္ဒိယနိုင်ငံ အနောက်ဘန်ဂေါပြည်နယ် ကိုးလ်ကတ္တားမြို့မှာ ဇန်နဝါရီ ၆ ရက်က   ရဲတပ်ဖွဲ့၊ ဆန္ဒပြကျောင်းသားတွေနဲ့ အာဏာရ BJP ပါတီ အလုပ်သမားတွေအကြား ပဋိပက္ခ ဖြစ်ခဲ့ပါတယ်။ ဇန်နဝါရီ ၅ ရက် ညနေပိုင်းက နယူးဒေလီမြို့ရှိ ဂျဝါဟာလာ နေရူးတက္ကသိုလ်မှာ မျက်နှာဖုံးတပ် လူတွေက ကျောင်းသားတွေကို တုတ်တွေနဲ့ ဝိုင်းရိုက်ခဲ့ပါတယ်။ အဲဒီလို ရိုက်နှက်ခံရတဲ့ ကျောင်းသားတွေနဲ့ တသားတည်းရှိတာကို ပြသတဲ့အနေနဲ့ ကိုးလ်ကတ္တားမြို့ရှိ ဂျာဒက်ပူးရ် တက္ကသိုလ်ကျောင်းသားတွေက စုဝေးဆန္ဒပြခဲ့ပါတယ်။    ကိုးလ်ကတ္တားရှိ BJP ပါတီ အလုပ်သမားတွေကလည်း သူတို့ပါတီရုံးခန်း ဖျက်ဆီးခံရတာကို ဆန္ဒပြကြပါတယ်။  ပါတီရုံးခန်း ဖျက်ဆီးခံရတဲ့အတွက် သူတို့က ဂျာဒက်ပူးရ်တက္ကသိုလ်ကျောင်းသားတွေကို အပြစ်ဖို့ခဲ့ပါတယ်။ အဲဒီနောက် ကိုးလ်ကတ္တားမြို့ လမ်းတွေပေါ်မှာ ဆန္ဒပြအဖွဲ့နှစ်ဖွဲ့ ထိပ်တိုက်တွေ့ခဲ့ပြီး ရဲတွေက ကြားဝင်ဖျန်ဖြေခဲ့ပါတယ်။ အိန္ဒိယနိုင်ငံသား ဥပဒေသစ်ကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ နိုင်ငံတဝန်း ပေါ်ပေါက်ချိန် နေရူးတက္ကသိုလ်က ကျောင်းသားတွေ ရိုက်နှက်ခံရတဲ့ ဖြစ်ရပ်ဟာ လက်ဝဲယိမ်း အယူအဆတွေကို ခုခံကာကွယ်တာလို့  အများက ရှုမြင်ထားပါတယ်။
1 year Ago
Up