ဆန္ဒပြကန့်ကွက်

March 7, 2021

ဇေယျဝတီမြို့ဆေးရုံကို ရဲနှင့်စစ်တပ် လာရောက်သဖြင့် ပြည်သူများက ဆန္ဒပြကန့်ကွက်

ပဲခူးတိုင်း ဇေယျဝတီမြို့ဆေးရုံကို ဒီနေ့မ နက်ပိုင်းက ရဲနဲ့ တပ်တွေ ရောက်လာတာကြောင့် မြို့ခံပြည်သူတွေက သွားရောက်ဆန္ဒပြကြပြီး ဆေးရုံအား ဝိုင်းထားခဲ့တယ်လို့ သိရပါတယ်။

ဆေးရုံကို လာရောက်တဲ့ တပ်ဖွဲ့ဝင်အချို့ပြန်သွားပေမဲ့ ဆေးရုံထဲမှာ တပ်ဘက်က အရာရှိအချို့နဲ့ ရဲတပ်ဖွဲဝင်တွေ ရှိနေသေးတာကြောင့် ပြည်သူတွေနဲ့ ညှိနှိုင်းမှု လုပ်ခဲ့တယ်လို့ ဆရာတော်တစ်ပါးက မိန့်ပါတယ်။

"ဆေးရုံမှာ လုံခြုံရေးစောင့်ပေးတာလို့ ​ပြောတယ်။ ကျုပ်က ဆေးရုံကို ကျုပ်မြို့သားတွေပဲစောင့်မယ်။ ဒါမှမဟုတ်လို့ စောင့်နေမယ်ဆိုရင်လည်း ဆေးရုံထဲက အပြင်မထွက်ပါနဲ့ ဆန္ဒပြတာကို မနှောင့်ယှက်ပါဘူးဆိုတဲ့ ကတိတောင်းတော့ ဗိုလ်တစ်​ယောက်က ကတိပေးတယ်။ တပ်ဘက်ကနေခန့်တဲ့ ဆရာဝန်နဲ့ အုပ်ချုပ်ရေးမှဓးတွေကို ကျုပ်တို့လက်မခံဘူး၊  ပြည်သူ့ဝန်ထမ်းပဲ လက်ခံမယ်။" 

ဖြူးမြို့နယ်ထဲက ဆေးရုံအချို့ကိုလည်း ရဲနဲ့တပ်ဘက်က လာရောက်တာတွေ ရှိပေမဲ့ ပြည်သူတွေက ကန့်ကွက်တာကြောင့် ပြန်သွားကြတယ်လို့ သိရပါတယ်။

9 months Ago
Up